ကေလးမေလးကို လိင္ပိုင္းေစာ္ကားခဲ့တဲ့ အမ်ိဳးသားရဲ႕ကားကို ျပည္သူမ်ားက မီးနဲ႔ဝုိင္း႐ႈိ႕

ျပီးခဲ့တဲ့ အပတ္ေလာက္က ထုိင္းႏုိင္ငံက အုပ္ခ်ဳပ္ေရးဘက္က အရာရွိႀကီးတစ္ေယာက္ဟာ အလယ္တန္းေက်ာင္းသူေလးကို လိင္ပုိင္းဆုိင္ရာ ေစာ္ကားထားတဲ့ဗြီဒီယုိဖုိင္ဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ရာ၊ အမ်ားေဝဖန္စရာျဖစ္ခဲ့ပါတယ္။ အဲဒီအရာရွိလည္း ေနအိမ္ကေန ထြက္ေျပးသြားပါတယ္။

အခုလည္း မေလးရွားႏုိင္ငံမွာ အသက္ (၆၀)ေက်ာ္ အမ်ိဳးသားတစ္ဦးဟာ အသက္(၁၂)ႏွစ္နဲ႔ (၁၄)ႏွစ္အတြင္းသာရွိေသးတဲ့ ကေလးမေလးေတြကို ဘာလက္ေဆာင္ဝယ္ေပးမယ္၊ ဘယ္လုိဝတ္စုံဝယ္ေပးမယ္ စသျဖင့္ ဖ်ားေယာင္းၿပီး လိင္ပုိင္းေစာ္ကားဖုိ႔ ႀကိဳးစားခဲ့ပါတယ္။

အဲဒီကိစၥနဲ႔ပတ္သက္တဲ့ ဗြီဒီယုိဖုိင္ေတြ ထြက္ေပၚလာၿပီးေနာက္ တရားခံအမ်ိဳးသားႀကီးရဲ႕ကားကို ေဒသခံျပည္သူေတြက မီးနဲ႔ပုံ႐ႈိ႕သည္အထိ ျဖစ္ခဲ့ရပါတယ္။ ဗြီဒီယုိဖုိင္ထဲမွာ အဝတ္မဲ့ကေလးမေလးကို သူက မဖြယ္မရာေတြေျပာဆုိၿပီး ခုိင္းေနတာပါ။ ကေလးမေလးက မလုပ္ပါနဲ႔ ေတာင္းပန္ေပမယ့္-

သူကေတာ့ အတင့္ရဲစြာ ယုတ္မာစြာနဲ႔ ကေလးမေလးကို ဘာဝယ္ေပးမယ္ ညာဝယ္ေပးမယ္နဲ႔ ခုိင္းေနတာပါ။ ဒုတိယဗြီဒီယုိမွာေတာ့ သူရဲ႕ကားကို ေဒသခံေတြက မီးနဲ႔ဝႈိင္း႐ႈိ႕ၾကတာပါ။ အဲဒီကားဟာ ယခင္က မဟုတ္မဟက္ ဗြီဒီယုိေတြ ႐ုိက္ကူးခဲ့ရာေနရာလုိ႔ သိရပါတယ္။ ရဲကေတာ့ ဒီကိစၥကို စုံစမ္းစစ္ေဆးေနပါတယ္။ World Of Buzz

 

Unicode Version ျဖင့္ဖတ္ရန္

 

ပြီးခဲ့တဲ့ အပတ်လောက်က ထိုင်းနိုင်ငံက အုပ်ချုပ်ရေးဘက်က အရာရှိကြီးတစ်ယောက်ဟာ အလယ်တန်းကျောင်းသူလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားထားတဲ့ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ရာ၊ အများဝေဖန်စရာဖြစ်ခဲ့ပါတယ်။ အဲဒီအရာရှိလည်း နေအိမ်ကနေ ထွက်ပြေးသွားပါတယ်။

အခုလည်း မလေးရှားနိုင်ငံမှာ အသက် (၆၀)ကျော် အမျိုးသားတစ်ဦးဟာ အသက်(၁၂)နှစ်နဲ့ (၁၄)နှစ်အတွင်းသာရှိသေးတဲ့ ကလေးမလေးတွေကို ဘာလက်ဆောင်ဝယ်ပေးမယ်၊ ဘယ်လိုဝတ်စုံဝယ်ပေးမယ် စသဖြင့် ဖျားယောင်းပြီး လိင်ပိုင်းစော်ကားဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်တဲ့ ဗွီဒီယိုဖိုင်တွေ ထွက်ပေါ်လာပြီးနောက် တရားခံအမျိုးသားကြီးရဲ့ကားကို ဒေသခံပြည်သူတွေက မီးနဲ့ပုံရှို့သည်အထိ ဖြစ်ခဲ့ရပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ အဝတ်မဲ့ကလေးမလေးကို သူက မဖွယ်မရာတွေပြောဆိုပြီး ခိုင်းနေတာပါ။ ကလေးမလေးက မလုပ်ပါနဲ့ တောင်းပန်ပေမယ့်-

သူကတော့ အတင့်ရဲစွာ ယုတ်မာစွာနဲ့ ကလေးမလေးကို ဘာဝယ်ပေးမယ် ညာဝယ်ပေးမယ်နဲ့ ခိုင်းနေတာပါ။ ဒုတိယဗွီဒီယိုမှာတော့ သူရဲ့ကားကို ဒေသခံတွေက မီးနဲ့ဝှိုင်းရှို့ကြတာပါ။ အဲဒီကားဟာ ယခင်က မဟုတ်မဟက် ဗွီဒီယိုတွေ ရိုက်ကူးခဲ့ရာနေရာလို့ သိရပါတယ်။ ရဲကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်။ World Of Buzz

Be the first to comment

Leave a Reply

Your email address will not be published.


*