ကျိုက်မရောမြို့တွင် အတ္တရံမြစ်ရေမြစ်စိုးရိမ်ရေမှတ်ကို ကျော်လွန်၍ ရေပြန်ကြီးလာ
Unicode Versionဖြင့်ဖတ်ရန်
ကျိုက်မရောမြို့မှာ အတ္တရံမြစ်ရေမြစ်ဟာ စိုးရိမ်ရေမှတ်ကိုေ ကျာ်လွန်နေလို့ရေပြန်ကြီးလာတယ်လို့ ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကပြောပါတယ်။
ကျေးရွာအုပ်စု(၂၈)အုပ်စု၊ လူဦးရေလေးသောင်းလောက်ရေကြီးတဲ့ဒဏ်ကိုခံစားနေရတယ်လို့ ဆိုပါတယ်။
စိုးရိမ်ရတဲ့ ရွာ(၇)ရွာလောက်ရှိနေပြီး လမ်းပန်းဆက်သွယ်ရေးကြောင့် ကူညီကယ်ဆယ်ရေးတွေလုပ်ရတာ အနည်းငယ်ကြန့်ကြာနေတယ်လို့ ဦးကျော်မြင့် ကပြောပါတယ်။
လက်ရှိမှာ လှေတွေအဓိကလိုအပ်နေပြီး စားသောက်စရာေ တွနဲ့အခြားပစ္စ ည်းတွေကိုတော့ ထောက်ပံ့ပေးနေတယ်လို့ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့် ကပြောပါတယ်။
ရေတက်နေတဲ့အတွက် ကယ်ဆယ်ရေးက လှေတွေ ထုတ်ပေးထားပေမယ့် နောက်ထပ်လှေကြီး(၁၀) စီးလောက်ရှိမှ ကယ်ဆယ်ရေးပစ္စည်းတွေ နိုင်နိုင်နင်းနင်း ပို့ပေးနိုင်မှာဖြစ်တယ်လို့ ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကပြောပါတယ်။
သြဂုတ်(၁၃)ရက်မနက်ပိုင်းတိုင်း ထွာချက်တွေအရ အတ္ထရံမြစ်ဟာ စိုးရိမ်ရေအမှတ်ဖြစ်တဲ့ (၅၅၀)စင်တီမီတာကိုကျော်လွန်ကာ (၅၇၀)စင်တီမီတာရှိနေတယ်လို့ ဦးကျော်မြင့်ကပြောပါတယ်။ ဗထူ
Be the first to comment
Leave a Reply
Your email address will not be published.
*