က်ိဳက္မေရာၿမိဳ ့နယ္အတြင္း၌ ေရေဘးသင့္ျပည္သူ ၅၅,၉၆၂ ဦးအထိ ရွိလာျပီး “ေလွ”မ်ား လိုအပ္ေန

မုတ္သုန္မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္တြင္ ယေန႔( ၾသဂုတ္ ၁၃) ညေနအထိသိရွိရေသာ စာရင္းမ်ားအရ ေရေဘးသင့္ ျပည္သူ ၅၅,၆၉၂ ဦးရွိလာၿပီျဖစ္ေၾကာင္း က်ိဳက္မေရာျမိဳ႕နယ္မွ အမ်ိဳးသားလႊတ္ေတာ္စားလွယ္ ဦးခင္ေဇာ္ဦးက The
Ladies News သို႔ေျပာၾကားသည္။

က်ိဳက္မေရာၿမိဳနယ္တြင္ ေက်းရြာအုပ္စုေပါင္း ၄၇ အုပ္စုရွိကာယင္းတို ့အနက္မွေက်းရြာအုပ္စု ၃၁ ေရနစ္ႁမွဳပ္ေနျပီးေရေဘးသင့္ျပည္သူေပါင္း ၅၅,၀၀၀ေက်ာ္ရွိေၾကာင္း ၎ကေျပာၾကားသည္။

ဦးခင္ေဇာ္ဦးက ” အခုလက္ရွိက ေက်းရြာအုပ္စု ၃၁ ေရျမွပ္သြားၿပီ။ အဲဒီအထဲမွာမွ ေရးဘးသင့္တဲ့ျပည္သူကအားလံုးေပါင္း ၅၅,၆၉၂ ေယာက္ျဖစ္သြားၿပီ။ ဒီေန႔ေနာက္ဆံုးရတဲ့စာရင္းအရကယ္ဆယ္ေရးစခန္းဖြင့္လွစ္ ထားတဲ့ ေနရာက ၁၃ ေနရာ။ အိမ္ေထာင္စုက ၅၅၅ စုရွိ ၿပီးေတာ့ ကယ္ဆယ္ေရးစခန္းထဲေရာက္ေနတဲ့ လူအားလံုးက ၂၃၃၈ ေယာက္ေရာက္ေနပါတယ္”ဟုေျပာၾကား သည္။

က်ိဳက္မေရာၿမိဳ႕နယ္တြင္ လူဦးေရ ႏွစ္သိန္းဝန္းက်င္ရွိၿပီး လူ ငါးေသာင္းခြဲေက်ာ္ေရဘးသင့္ေနျခင္းျဖစ္သည္။ ထို ့အျပင္ ၿမိဳ႕ေပၚရပ္ကြက္ ၄ ရပ္ကြက္ရွိသည့္အနက္ ရန္ မ်ိဳးေအာင္ရပ္ကြက္ႏွင့္ရွင္ေစာပုရပ္ကြက္မွာလံုးဝေရျမွပ္ လ်က္ရွိသည္ဟု ဆိုသည္။

ကူညီကယ္ဆယ္ေရးလုပ္ငန္းႏွင့္ပတ္သက္ၿပီး က်ိဳက္မေရာၿမိဳ႕နယ္အေျခခံပညာအထက္တန္းေက်ာင္းတြင္ေရေဘးကယ္ဆယ္ေရးႏွင့္ ကြပ္ကဲမႈႀကီးၾကပ္ေရးရံုခန္းကိုဖြင့္လွစ္ထားၿပီး အဆိုပါရံုးခန္းသို႔ ျပည္ေထာင္စုအစိုးရႏွင့္ျပည္နယ္အစိုးရမွ ပံ့ပိုးသည့္အကူညီမ်ားႏွင့္အနယ္ နယ္အရပ္ရပ္မွ ေစတနာရွင္မ်ား၏ အကူအညီလည္းေရာက္ရွိေၾကာင္း၊ က်ိဳက္မေရာၿမိဳ႕နယ္၏ လတ္တေလာ လိုအပ္ခ်က္မွာ ေလွအခက္အခဲျဖစ္သည္ဟု ဦးေဇာ္ဦး ကေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ကေရာက္တဲ့အေပၚမွာ အလွဴရွင္ေတြက ကိုယ္တိုင္လက္ေရာက္လွဴ ခ်င္တယ္ဆိုရင္ ကၽြန္ေတာ္ တို႔က ကိုယ္တိုင္လက္ေရာက္လွဴ ႏိုင္ဖို႔အတြက္ စီစဥ္
ေပးတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ျမိဳ႕နယ္မွာ ဘာ အခက္အခဲျဖစ္ေနလဲဆိုေတာ့ ေလွ။ ေလွကအရမ္း လိုတယ္။ အခုလက္ရွိ ပရဟိတအဖြဲ႕ေတြကေရာ ကိုေဝဠဳ ေက်ာ္တို႔အဖြဲ႔ေတြကေရာ ေပါင္းၿပီးေတာ့မွ ကယ္ဆယ္ ေရးေလွ ၇စီးရွိတာေတာင္မွ ရိကၡာမပို႔ႏိုင္ဘူးျဖစ္ေနတယ္။ ကၽြန္ေတာ္က ဘာလုပ္ရလည္းဆိုေတာ့ ေရႀကီးနစ္ျမွပ္တဲ့ေက်းရြာေတြက တခ်ိဳ႕လူႀကီးေတြကို ဆင့္ေခၚျပီးေတာ့ အဆင္ေျပေအာင္သယ္ယူၿပီးေတာ့ ေက်းရြာမွာ ျပန္ျဖန္႔ဖို႔ပဲ ကူညီေပးႏိုင္ေသးတယ္။ က်ြန္ေတာ္တို႔ ကိုယ္တိုင္လက္ေရာက္ေပးဖို႔ မျဖစ္ေသးဘူး။ အဲဒီေတာ့ အုပ္ခ်ဳပ္ေရးမွဴးေတြကတဆင့္ကယ္ဆယ္ေရးပစၥည္းေတြ ပံ့ပိုးေပးေနရပါတယ္” ဟု ၎က ေျပာၾကားသည္။

က်ိဳက္မေရာတြင္ ေရေဘးသင့္ျပည္သူမ်ားစြာ ရွိလာသ လို မြန္ျပည္နယ္ႏွင့္ဆက္စပ္ေနသည့္ တနသၤာရီတိုင္း အတြင္း၌လည္း ေရေဘးသင့္ ျပည္သူ ေသာင္းႏွင့္ခ်ီရွိေနေၾကာင္းလည္းသိရသည္။ေအာင္ရဲေနာင္/The Ladies News

 

Unicode Versionျဖင့္ဖတ္ရန္

 

မုတ်သုန်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ယနေ့( သြဂုတ် ၁၃) ညနေအထိသိရှိရသော စာရင်းများအရ ရေဘေးသင့် ပြည်သူ ၅၅,၆၉၂ ဦးရှိလာပြီဖြစ်ကြောင်း ကျိုက်မရောမြို့နယ်မှ အမျိုးသားလွှတ်တော်စားလှယ် ဦးခင်ဇော်ဦးက The
Ladies News သို့ပြောကြားသည်။

ကျိုက်မရောမြိုနယ်တွင် ကျေးရွာအုပ်စုပေါင်း ၄၇ အုပ်စုရှိကာယင်းတို့အနက်မှကျေးရွာအုပ်စု ၃၁ ရေနစ်မြှုပ်နေ ပြီးရေဘေးသင့်ပြည်သူပေါင်း ၅၅,၀၀၀ကျော်ရှိကြောင်း ၎င်းကပြောကြားသည်။

ဦးခင်ဇော်ဦးက ” အခုလက်ရှိက ကျေးရွာအုပ်စု ၃၁ ရေ မြှပ်သွားပြီ။ အဲဒီအထဲမှာမှ ရေးဘးသင့်တဲ့ပြည်သူကအားလုံးပေါင်း ၅၅,၆၉၂ ယောက်ဖြစ်သွားပြီ။ ဒီနေ့နောက်ဆုံးရတဲ့စာရင်းအရကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားတဲ့ နေရာက ၁၃ နေရာ။အိမ်ထောင်စုက ၅၅၅ စုရှိ ပြီးတော့ ကယ်ဆယ်ရေးစခန်းထဲရောက်နေတဲ့ လူအားလုံးက ၂၃၃၈ ယောက်ရောက်နေပါတယ်”ဟုပြောကြား သည်။

ကျိုက်မရောမြို့နယ်တွင် လူဦးရေ နှစ်သိန်းဝန်းကျင်ရှိပြီး လူ ငါးသောင်းခွဲကျော်ရေဘးသင့်နေခြင်းဖြစ်သည်။ ထို့အပြင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်ရှိသည့်အနက် ရန် မျိုးအောင်ရပ်ကွက်နှင့်ရှင်စောပုရပ်ကွက်မှာလုံးဝရေမြှပ် လျက်ရှိသည်ဟု ဆိုသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ကျိုက်မရောမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင်ရေဘေးကယ်ဆယ်ရေးနှင့် ကွပ်ကဲမှုကြီးကြပ်ရေးရုံခန်းကိုဖွင့်လှစ်ထားပြီး အဆိုပါရုံးခန်းသို့ ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရမှ ပံ့ပိုးသည့်အကူညီများနှင့်အနယ် နယ်အရပ်ရပ်မှ စေတနာရှင်များ၏ အကူအညီလည်းရောက်ရှိကြောင်း၊ ကျိုက်မရောမြို့နယ်၏ လတ်တလော လိုအပ်ချက်မှာ လှေအခက်အခဲဖြစ်သည်ဟု ဦးဇော်ဦး ကပြောကြားသည်။

“ကျွန်တော်တို့ကရောက်တဲ့အပေါ်မှာ အလှူရှင်တွေက ကိုယ်တိုင်လက်ရောက်လှူ ချင်တယ်ဆိုရင် ကျွန်တော် တို့က ကိုယ်တိုင်လက်ရောက်လှူ နိုင်ဖို့အတွက် စီစဉ်ပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့မြို့နယ်မှာ ဘာ အခက်အခဲဖြစ်နေလဲဆိုတော့ လှေ။ လှေကအရမ်း လိုတယ်။ အခုလက်ရှိ ပရဟိတအဖွဲ့တွေကရော ကိုဝေဠု ကျော်တို့အဖွဲ့တွေကရော ပေါင်းပြီးတော့မှ ကယ်ဆယ်
ရေးလှေ ၇စီးရှိတာတောင်မှ ရိက္ခာမပို့နိုင်ဘူးဖြစ်နေတယ်။ ကျွန်တော်က ဘာလုပ်ရလည်းဆိုတော့ ရေကြီးနစ်မြှပ်တဲ့ကျေးရွာတွေက တချို့လူကြီးတွေကို ဆင့်ခေါ် ပြီးတော့ အဆင်ပြေအောင်သယ်ယူပြီးတော့ ကျေးရွာမှ ပြပြန်ဖြန့်ဖို့ ကူညီပေးနိုင်သေးတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လက်ရောက်ပေးဖို့ မဖြစ်သေးဘူး။ အဲဒီတော့ အုပ်ချုပ်ရေးမှူးတွေကတဆင့်ကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနေရပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကျိုက်မရောတွင် ရေဘေးသင့်ပြည်သူများစွာ ရှိလာသ လို မွန်ပြည်နယ်နှင့်ဆက်စပ်နေသည့် တနင်္သာရီတိုင်း အတွင်း၌လည်း ရေဘေးသင့် ပြည်သူ သောင်းနှင့်ချီရှိ နေကြောင်းလည်းသိရသည်။အောင်ရဲနောင်/The Ladies News

Be the first to comment

Leave a Reply

Your email address will not be published.


*