က်ဴး​ေက်ာ္​​ေတြအတြက္​ ေျမေနရာအခမဲ႕ေပးရန္ ရန္ကုုန္တိုုင္းအစိုုးရ စတင္​ေဆာင္​ရြက္​

က်ဴး​ေက်ာ္​​ေတြအတြက္​ ေျမေနရာအခမဲ႕ေပးရန္ ရန္ကုုန္တိုုင္းအစိုုးရက စတင္​ေဆာင္​ရြက္​​ေနၿပီျဖစ္​တယ္​လုိ႔ ရန္ကုုန္တိုုင္းေဒသၾကီး ၿမိဳ႕ျပႏွင့္ အိမ္ရာဖံြံၿဖိဳးေရးဦးစီးဌာနက​ သိရပါတယ္​။

အဆုိပါအစီအစဥ္​ကုိ လိွဳင္သာယာၿမိဳ႕နယ္မွာ စတင္အေကာင္အထည္ေဖာ္မွာျဖစ္​ၿပီး၊ အဲဒီ စီမံကိန္းကို ၆ လအတြင္း အၿပီးေဆာင္ရြက္မွာျဖစ္ကာ ရန္ကုန္တိုင္း႐ွိျမဳိ႕နယ္​၆ခုမွာ အေကာင္းအထည္ေဖာ္သြားမွာျဖစ္​တယ္​လုိ႔ ၿမိဳ႕ျပႏွင့္အိမ္ရာဖံြံၿဖိဳးေရးဦးစီးဌာန တာဝန္ရိွသူတစ္ဦးကေျပာပါတယ္​။

“အစိုးရအေနနဲ႕သူတို႕လိုအပ္​တဲ႔ မီးတို႔ ေရတုိ႔ လမ္းတို႕ကို ဖန္တီးေပးသြားမယ့္ အစီအစဥ္ေတြလဲရိွပါတယ္။ လက္​႐ွိမွာသူတုိ႔က ​ေျမတစ္​ဧကမွာ အိမ္​​ေထာင္​စုသုံးဆယ္​​ေက်ာ္​​ေနတာဆုိ​ေတာ့ အစုိးရက​ေျမ​ေနရာ​ေပးတဲ့အခါ ​ေျမတစ္​ဧကဆုိရင္​ အဲဒီ စု​ေပါင္​း​ေနထုိင္​တဲ့သူ​ေတြကစု​ေပါင္​းပုိင္​ဆုိင္​ၾကရမွာ​ေပါ့ ”လုိ႔သူက႐ွင္​းျပပါတယ္​။

လက္​႐ွိမွာေတာ့ တုိင္​းအစုိးရအ​ေနနဲ႔က်ဴးေက်ာ္​​ေနထုိင္​သူ​ေတြအတြက္​​ေျမ​ေနရာအခမဲ့​ေပးရန္​စီစဥ္​​ေနၿပီး ယင္​း​ေျမ​ေပၚမွာ​ေနထိုင္မယ္​့အိမ္​ေတြကုိ မိမိတို႕ဘာသာေဆာက္လုပ္ကာ အေဆာက္အဦးေဆာက္လုပ္ဖိုု႔ မတတ္ႏိုင္​တဲ့သူ​ေတြကုိလဲ လိုအပ္တဲ႔​ေငြေခ်းေပးဖိုု႔ အစိုးရကကူညီေဆာင္ရြက္ေပးသြားမွာျဖစ္​တယ္​လုိ႔ဆိုုပါတယ္​။

လက္​႐ွိမွာရန္​ကုန္​တုိင္​း​ေဒသႀကီးအတြင္​း က်ဴ း​ေက်ာ္​​ေနထုိင္​သူစုစု​ေပါင္​း တစ္​သိန္​း​ေက်ာ္​႐ွိ​ေနတယ္​လုိ႔ တုိင္​း​ေဒသႀကီးအစုိးရအဖြဲ႔ရဲ႕စစ္​တမ္​း​ေတြအရသိရပါတယ္​။

Credit – Popular News Journal (သီဟ)

Unicode Version

ကျူးကျော်တွေအတွက် မြေနေရာအခမဲ့ပေးရန် ရန်ကုန်တိုင်းအစိုးရက စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံံဖြိုးရေးဦးစီးဌာနက သိရပါတယ်။

အဆိုပါအစီအစဉ်ကို လှိုင်သာယာမြို့နယ်မှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး၊ အဲဒီ စီမံကိန်းကို ၆ လအတွင်း အပြီးဆောင်ရွက်မှာဖြစ်ကာ ရန်ကုန်တိုင်းရှိမြို့နယ်၆ခုမှာ အကောင်းအထည်ဖော်သွားမှာဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံံဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“အစိုးရအနေနဲ့သူတို့လိုအပ်တဲ့ မီးတို့ ရေတို့ လမ်းတို့ကို ဖန်တီးပေးသွားမယ့် အစီအစဉ်တွေလဲရှိပါတယ်။ လက်ရှိမှာသူတို့က မြေတစ်ဧကမှာ အိမ်ထောင်စုသုံးဆယ်ကျော်နေတာဆိုတော့ အစိုးရကမြေနေရာပေးတဲ့အခါ မြေတစ်ဧကဆိုရင် အဲဒီ စုပေါင်းနေထိုင်တဲ့သူတွေကစုပေါင်းပိုင်ဆိုင်ကြရမှာပေါ့ ”လို့သူကရှင်းပြပါတယ်။

လက်ရှိမှာတော့ တိုင်းအစိုးရအနေနဲ့ကျူးကျော်နေထိုင်သူတွေအတွက်မြေနေရာအခမဲ့ပေးရန်စီစဉ်နေပြီး ယင်းမြေပေါ်မှာနေထိုင်မယ့်အိမ်တွေကို မိမိတို့ဘာသာဆောက်လုပ်ကာ အဆောက်အဦးဆောက်လုပ်ဖို့ မတတ်နိုင်တဲ့သူတွေကိုလဲ လိုအပ်တဲ့ငွေချေးပေးဖို့ အစိုးရကကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူ းကျော်နေထိုင်သူစုစုပေါင်း တစ်သိန်းကျော်ရှိနေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့စစ်တမ်းတွေအရသိရပါတယ်။

Credit – Popular News Journal (သီဟ)

Be the first to comment

Leave a Reply

Your email address will not be published.


*