ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္ရွိ စာသင္ေက်ာင္းအခ်ိဳ႕တြင္ သင္ၾကားမည့္ဆရာ၊ဆရာမ မရွိသျဖင့္ပိတ္ထားရဟု ဆို

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္တြင္ ဆရာ၊ ဆရာမ ၃၀၀ ဦးနီးပါးလိုအပ္ေနၿပီး ေက်းရြာအခ်ိဳ႕တြင္ ဆရာ မရွိသည့္အတြက္ ေက်ာင္းမ်ားပိတ္ထားရေၾကာင္းသိရသည္။

ဖြဲ႔စည္းပံုအရမတူပီၿမိဳ႕နယ္တြင္ ၂၉၃ ဦးလစ္လပ္ေနၿပီးစာသင္ၾကားေရးအတြက္ ဆရာ၊ ဆရာမ ၂၇၀ ဦးေက်ာ္ လိုအပ္ေနေၾကာင္း မတူပီၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လ်န္းက ေျပာျခင္းျဖစ္သည္။

“ တခ်ိဳ႕ရြာေတြမွာလည္း ေက်ာင္းဆရာ၊ ဆရာမ မရွိဘူး။ အဲဒီလုိျဖစ္ေနတယ္။ ကၽြန္ေတာ္တုိ႔ခ်င္းျပည္မွာက ေက်ာင္းအဆင့္တုိးေတြကမ်ားေနတာ။ ေက်ာင္းဆရာ၊ဆရာမေတြက ေတာ္ေတာ္မ်ားမ်ားလုိအပ္တယ္။ ေနာက္တစ္ခုက ျပည္မကဆရာေတြကရာထူးတုိးနဲ႔ ျပည္မျပန္သြားေတာ့ ဒီမွာက ေက်ာင္းဆရာ၊ ဆရာမ လုိအပ္ခ်က္ေတြကမ်ားသြားတယ္။ တခ်ိဳ႕ရြာေတြဆုိ ဆရာ၊ ဆရာမမရွိလုိ႔ ေက်ာင္းကို ပိတ္ထားရတာေတြ ရွိတယ္” ဟု ၄င္းက ေျပာသည္။

မတူပီၿမိဳ႕နယ္တြင္ တကၠသိုလ္ဝင္တန္းေအာင္ေဒသခံအမ်ားအျပားရွိေနၿပီး ဘြဲ႔ရအလုပ္လက္မဲ့မ်ားလည္းရွိေနသည့္အတြက္ ေန႔စားလေပးဆရာမ်ားအျဖစ္ခန္႔အပ္ပါက ဆရာလုိအပ္ခ်က္ျပႆနာကိုေျဖရွင္းႏုိင္မည္ ျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။

ျမန္မာႏုိင္ငံတြင္ ေက်ာင္းေဆာင္ေပါင္း ၄၅၀၀၀ ၀န္းက်င္ခန္႔လိုအပ္ေနၿပီး ယခု ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ခြင့္ျပဳဘ႑ာေငြအရ ေက်ာင္းအေဆာက္အဦးေပါင္း ၄၇၉၉ ခုကိုတည္ေဆာက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။AKonThi

Unicode Version

မတူပီမြို့နယ်ရှိ စာသင်ကျောင်းအချို့တွင် သင်ကြားမည့်ဆရာ မရှိသဖြင့်ပိတ်ထားရဟု ဆို

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ဆရာ၊ ဆရာမ ၃၀၀ ဦးနီးပါးလိုအပ်နေပြီး ကျေးရွာအချို့တွင် ဆရာ မရှိသည့်အတွက် ကျောင်းများပိတ်ထားရကြောင်းသိရသည်။

ဖွဲ့စည်းပုံအရမတူပီမြို့နယ်တွင် ၂၉၃ ဦးလစ်လပ်နေပြီးစာသင်ကြားရေးအတွက် ဆရာ၊ ဆရာမ ၂၇၀ ဦးကျော် လိုအပ်နေကြောင်း မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းက ပြောခြင်းဖြစ်သည်။

“ တချို့ရွာတွေမှာလည်း ကျောင်းဆရာ၊ ဆရာမ မရှိဘူး။ အဲဒီလိုဖြစ်နေတယ်။ ကျွန်တော်တို့ချင်းပြည်မှာက ကျောင်းအဆင့်တိုးတွေကများနေတာ။ ကျောင်းဆရာ၊ဆရာမတွေက တော်တော်များများလိုအပ်တယ်။ နောက်တစ်ခုက ပြည်မကဆရာတွေကရာထူးတိုးနဲ့ ပြည်မပြန်သွားတော့ ဒီမှာက ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်တွေကများသွားတယ်။ တချို့ရွာတွေဆို ဆရာ၊ ဆရာမမရှိလို့ ကျောင်းကို ပိတ်ထားရတာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

မတူပီမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ဒေသခံအများအပြားရှိနေပြီး ဘွဲ့ရအလုပ်လက်မဲ့များလည်းရှိနေသည့်အတွက် နေ့စားလပေးဆရာများအဖြစ်ခန့်အပ်ပါက ဆရာလိုအပ်ချက်ပြဿနာကိုဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းဆောင်ပေါင်း ၄၅၀၀၀ ဝန်းကျင်ခန့်လိုအပ်နေပြီး ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုဘဏ္ဍာငွေအရ ကျောင်းအဆောက်အဦးပေါင်း ၄၇၉၉ ခုကိုတည်ဆောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။AKonThi

Be the first to comment

Leave a Reply

Your email address will not be published.


*