ဆယ်ဆန်းစာမေးပွဲကြီးကို အောင်မြင်သွားပြီဖြစ်တဲ့ အဆိုတော်မလေး မေလသံစဉ်

ငယ်စဉ်ကတည်းက အနုပညာဝါသနာပါပြီး ကိုယ်တိုင် စန္ဒယားတီးပြီး cover song တွေဆိုရင်း လူသိများလာခဲ့တဲ့ အဆိုတော်မလေး မေလသံစဉ်က ကြည်လင်ပြတ်သားတဲ့ဘအသံလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူလေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် မေလသံစဉ်က သူမကို အားပေးတဲ့ ပရိသတ်တွေနဲ့ လူကြိုက်များထင်ရှားတဲ့ အဆိုတော်လေးဖြစ်လို့နေပါပြီ။

မေလသံစဉ်ကတော့ ၂၀၁၈၊ ၂၀၁၉ ခုနှစ် ပညာသင်နှစ်မှာ ၁၀ တန်းစာမေးပွဲကြီးကို ဖြေဆိုထားသူလေးဖြစ်ပါတယ်။ ဒီကနေ့ ၁၀ တန်းအောင်စာရင်း ထွက်ချိန်မှာတော့ မေလသံစဉ်က တက္ကသိုလ်ဝင် စာမေးပွဲကြီးကို အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ တက္ကသိုလ်စာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တဲ့ မေလသံစဉ်ကတော့ ” အောင်​ပါတယ်​ရှင့်​👍👍👍 ” ဆိုပြီး သူမရဲ့ဖေ့ဘုတ်ပေ့စ်ကနေတစ်ဆင့် မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။

မေလသံစဉ် ကိုယ်တိုင်ကလည်း တော်တော်လေးပျော်နေသလို သူမကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာဂုဏ်ယူနေကြတာကို တွေ့ရပါတယ်။

ပရိသတ်တွေချစ်တဲ့ အဆိုတော်မလေး မေလသံစဉ်ကတော့ သူမရဲ့ ကြိုးစားမှုရလဒ်ကြောင့် ၁၀ တန်းစာမေးပွဲကို အခက်အခဲမရှိ နှစ်ချင်းပေါက်အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူကြမယ်လို့ထင်ပါတယ်။ အနုပညာတွေလုပ်ရင်း ဆယ်တန်းစာမေးပွဲကြီးကို အခက်အခဲမရှိ ဖြေဆိုနိုင်ခဲ့တဲ့ မေလသံစဉ်ကို အချစ်ပိုမိတယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။သမီးလေး မေလသံစဉ်အတွက် ဂုဏ်ယူရင်း မအောင်ကြတဲ့ ညီအစ်ကိုမောင်နှမများကိုလည်း စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားကြဖို့ ပြောပါရစေနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*