ထန္းရည္မွ အခ်ိဳမႈန္႔အစားထိုး ဟင္းခတ္ပစၥည္းအျဖစ္ထုတ္လုပ္ေရာင္းခ်မည္

ေမ ၉၊ ႏိုင္လင္းဦး

ျမန္မာႏိုင္ငံတြင္ ထန္းရည္မွခ်က္လုပ္ရရွိသည့္ အႏွစ္အား အခ်ိဳမႈန္႔ အစားထိုးဟင္းခတ္ပစၥည္းအျဖစ္ ထုတ္လုပ္ေရာင္းခ်ရန္ေဆာင္ရြက္ေနေၾကာင္း ထန္းခ်စ္သူမ်ားအသင္း က သိရသည္ ။ ထိုသို႔ ဟင္းခတ္မႈန္႔ထုတ္ရာတြင္ ထန္႔လွ်က္

နံ႔မထြက္ေစရန္အတြက္ လုပ္ေဆာင္ျခင္းျဖစ္ၿပီး လုပ္ငန္းမွတ္ပံုတင္ျပဳလုပ္၍ ျဖန္႔မည္ျဖစ္ကာ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) ၏ ေထာက္ခံခ်က္ပါ ဆက္လက္ရယူသြားမည္ျဖစ္ေၾကာင္း သိရသည္ ။

“ယိုးဒယားမွ ေအာင္ျမင္ေနတဲ့ အုန္းရည္ကေန ဟင္းခတ္အခ်ိဳမႈန္႔ထုတ္သလို စမ္းသပ္လုပ္ေဆာင္ၾကည့္တာပါ ။ ထန္းလွ်က္နံ႔ ထြက္ရင္ အဆင္မေျပတဲ့အတြက္

ထန္းလွ်က္နံ႔မထြက္ေအာင္ လုပ္ရပါတယ္။” ဟု ထန္းခ်စ္သူမ်ားအသင္း မွ ဦးေမာင္ေမာင္စိုး က ေျပာသည္ ။

ထန္းရည္မွ အခ်ိဳမႈန္႔အစားထိုး ဟင္းခတ္ပစၥည္းထုတ္လုပ္မႈ ေအာင္ျမင္ပါက ထန္းတက္ေတာင္သူမ်ား၏ ဝင္ေငြတိုးတက္လာမည္ျဖစ္ၿပီး အခ်ိဳမႈန္႔အစားထိုး သံုးစြဲနိုင္မည္ျဖစ္သည္ ။

ထန္းရည္ က တဆင့္ ခ်က္လုပ္ရရွိသည့္ အနယ္အႏွစ္မွာ ႏိုင္ငံတကာေဈးကြက္၌ ေဈးႏႈန္းျမင္႔မားၿပီး ျမန္မာႏိုင္ငံျပည္တြင္းေစ်းကြက္၌ ႀကံမွထုတ္လုပ္သည့္

သၾကားထက္ေစ်းႀကီးေသာ္လည္း ျပည္တြင္းမွထုတ္လုပ္သည္႔အတြက္ အမ်ားသံုးစြဲႏိုင္ရန္ သက္သာသည့္ ေဈးႏႈန္းျဖင့္ျဖန္႔ျဖဴး

ေရာင္းခ်ေပးႏိုင္မည္ျဖစ္ေၾကာင္းသိရသည္ ။
ယခုလက္ရွိတြင္ တစ္ရက္လ်ွင္ ၄၀၀ ဂရမ္ပါ အႏွစ္ဗူး ၁၅၀ ခန္႔စမ္းသပ္ျဖန္႔ျဖဴး လ်က္ရွိေၾကာင္း ထန္းခ်စ္သူမ်ားအသင္း ကသိရသည္ ။

Unicode Version

မေ ၉၊ နိုင်လင်းဦး

မြန်မာနိုင်ငံတွင် ထန်းရည်မှချက်လုပ်ရရှိသည့် အနှစ်အား အချိုမှုန့် အစားထိုးဟင်းခတ်ပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချရန်ဆောင်ရွက်နေကြောင်း ထန်းချစ်သူများအသင်း က သိရသည် ။ ထိုသို့ ဟင်းခတ်မှုန့်ထုတ်ရာတွင် ထန့်လျှက်

နံ့မထွက်စေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ငန်းမှတ်ပုံတင်ပြုလုပ်၍ ဖြန့်မည်ဖြစ်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်ပါ ဆက်လက်ရယူသွားမည်ဖြစ်ကြောင်း သိရသည် ။

“ယိုးဒယားမှ အောင်မြင်နေတဲ့ အုန်းရည်ကနေ ဟင်းခတ်အချိုမှုန့်ထုတ်သလို စမ်းသပ်လုပ်ဆောင်ကြည့်တာပါ ။ ထန်းလျှက်နံ့ ထွက်ရင် အဆင်မပြေတဲ့အတွက်

ထန်းလျှက်နံ့မထွက်အောင် လုပ်ရပါတယ်။” ဟု ထန်းချစ်သူများအသင်း မှ ဦးမောင်မောင်စိုး က ပြောသည် ။

ထန်းရည်မှ အချိုမှုန့်အစားထိုး ဟင်းခတ်ပစ္စည်းထုတ်လုပ်မှု အောင်မြင်ပါက ထန်းတက်တောင်သူများ၏ ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး အချိုမှုန့်အစားထိုး သုံးစွဲနိုင်မည်ဖြစ်သည် ။

ထန်းရည် က တဆင့် ချက်လုပ်ရရှိသည့် အနယ်အနှစ်မှာ နိုင်ငံတကာဈေးကွက်၌ ဈေးနှုန်းမြင့်မားပြီး မြန်မာနိုင်ငံပြည်တွင်းဈေးကွက်၌ ကြံမှထုတ်လုပ်သည့်

သကြားထက်ဈေးကြီးသော်လည်း ပြည်တွင်းမှထုတ်လုပ်သည့်အတွက် အများသုံးစွဲနိုင်ရန် သက်သာသည့် ဈေးနှုန်းဖြင့်ဖြန့်ဖြူး

ရောင်းချပေးနိုင်မည်ဖြစ်ကြောင်းသိရသည် ။
ယခုလက်ရှိတွင် တစ်ရက်လျှင် ၄၀၀ ဂရမ်ပါ အနှစ်ဗူး ၁၅၀ ခန့်စမ်းသပ်ဖြန့်ဖြူး လျက်ရှိကြောင်း ထန်းချစ်သူများအသင်း ကသိရသည် ။

Be the first to comment

Leave a Reply

Your email address will not be published.


*