မိုင်တိုင် ၁၆၅/၃အနီး ထွန်းဧရာ Express တိမ်းမှောက် သတင်း နောက်ဆက်တွဲ ၁ဦးသေ၊ ၄၄ဦး ဒဏ်ရာရ





 

Unicode Version ဖြင့်ဖတ်ရန်

 

ယနေ ့(ဇူလိုင်၂၁ရက်) ညနေ ၀၂း၃၀နာရီက နေပြည်တော်- ရန်ကုန်လမ်း မိုင်တိုင် ၁၆၅/၃အနီး အရှိန်လွန်တိမ်းမှောက် ခဲ့သည့် ပခုက္ကူ -ရန်ကုန်သွား ထွန်းဧရာ Express ယာဉ် မ တော်တမှု ့ဖြစ်စဉ်တွင် ၁ ဦးသေဆုံး၍ ဒဏ်ရာရသူ ၄၄ ဦး ရှိခဲ့ကြောင်း ညနေ ၅း၃၀ နာရီနောက်ဆုံးရ သတင်း နောက်ဆက်တွဲအဖြစ် အမြန်လမ်းရဲတပ်ဖွဲ ့မှူ းရုံးမှ သတင်းထုတ်ပြန်ပေးခဲ့သည်။

အဆိုပါတိမ်းမှောက်ယာဉ်တွင် ခရီးသည် ကျား(၃၁)ဦး မ (၂၀)ဦးနှင့်ယာဉ်မောင်း ၁ဦး၊ ယာဉ်အကူ ၂ဦး၊ စုစုပေါင်း ကျား(၃၄)ဦး မ(၂၀) ဦး၊ပေါင်း(၅၄)ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ့ကြောင့်ကျား(၉)ဦး မ(၆)ဦးတွင်အတွင်း လူနာများအဖြစ်ဒဏ်ရာရခဲ့ပြီး ကျား(၁၇)ဦး၊မ(၁၂)ဦးတွင်ပြင် ပလူနာများအဖြစ်ဒဏ်ရာရခဲ့ကာ စုစုပေါင်း ၄၄ ဦးဒဏ်ရာရခဲ့သည်။

ယာဉ်ကို ဦးညီညီအောင်က မောင်းနှင်ခဲ့ခြင်းဖြစ်ကာ သေဆုံးခဲ့သည့် အမျိုးသမီး ၁ ဦးမှာ ဒေါပုံမြို ့နယ်တွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ်ရှိ မသဲသဲအိဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး