မူဆယ္ၿမိဳ့တြင္ မိုးသည္းထန္စြာရြာသြန္းျခင္းေၾကာင့္ ရပ္ကြက္အခ်ိဳ့တြင္ ေျမၿပိဳမွုႏွင့္ ေရလၽွံမွုျဖစ္ပြား

မူဆယ္ ဩဂုတ္ ၁၃

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ့တြင္ ဩဂုတ္ ၁၃ ရက္ နံနက္ပိုင္းတြင္ မိုးသည္းထန္စြာ ရြာသြန္းျခင္းေၾကာင့္ မူဆယ္ၿမိဳ့ ရပ္ကြက္အခ်ိဳ့တြင္ ေျမၿပိဳင္မွုႏွင့္ ေရလၽွံမွုမ်ားျျဖစ္ပြားခဲ့သည္ေ

ဩဂုတ္ ၁၃ ရက္ နံနက္ပိုင္းတြင္ မိုးသည္းထန္စြာ ရြာသြန္းျခင္းေၾကာင့္ မူဆယ္ၿမိဳ့၊ စက္မွုရပ္ကြက္၊ ခရစ္ယာန္ရပ္ကြက္ႏွင့္ ရပ္ကြက္အခ်ိဳ့တို့တြင္ ေျမၿပိဳမွုမ်ားႏွင့္ ေရလၽွံမွုမ်ားျဖစ္ပြားခဲ့သည္။ မိုးသည္းထန္စြာ ရြာသြန္းၿပီး ေျမၿပိဳမွုျဖစ္ပြားသည့္ ခရစ္ယာန္ရပ္ကြက္ေန ရပ္ကြက္သူ၊ ရပ္ကြက္သားမ်ားက မိုးဆက္လက္ရြာသြန္း၍ ေျမၿပိဳမွုမ်ား ထပ္မံျဖစ္ပြားမည္ကို စိုးရိမ္ေနၾကေၾကာင္းလည္း သိရသည္။ “ မနက္ကတဲ့က မိုးရြားေနတာေၾကာင့္ အိမ္ရဲ့အေပၚဘက္ ေျမေတြၿပိဳက်လာတယ္၊ ဒီညလည္း မိုးဆက္ရြာေနရင္ ၿပိဳင္က်လာမွာေၾကာက္လို့ အိမ္မွာမအိပ္ရဲဘူး၊ ေဘးအိမ္ေတြမွာပဲ ေလာေလာဆယ္ေျပာင္းေနရတယ္”လို့ ခရစ္ယာန္ရပ္ကြက္ေန ေဒၚျဖဴမာခင္က ေျပာၾကားသည္။

ဩဂုတ္ ၁၃ ရက္ နံနက္ပိုင္းတြင္ မိုးသည္းထန္စြာ ရြာသြန္းျခင္းေၾကာင့္ ခရစ္ယာန္ရပ္ကြက္၊ ဆင္ျဖဴလမ္းရွိ အေပၚဘက္အိမ္တစ္လုံး တစ္ေပခန႔္ ေျမက်ဳံက်သြားျခင္း၊ အိမ္သာမ်ား က်ိဳးေပါက္ျခင္းမ်ားႏွင့္ ေျမမ်ားအက္ကြဲျခင္းတို့ေၾကာင့္ မိုးဆက္လက္ရြာသြန္းမည္ဆိုပါက အေပၚဘက္မွ ေျမမ်ားၿပိဳက်လာနိုင္ေၾကာင္း သိရသည္။ အလားတူ စက္မွုရပ္ကြက္ႏွင့္ ရပ္ကြက္အခ်ိဳ့တို့တြင္ ေရလၽွံမွုမ်ားျဖစ္ပြားခဲ့ၿပီး ဩဂုတ္ ၁၀ ရက္ေန႔တြင္ မိုးသည္းထန္စြာရြာသြန္းျခင္းေၾကာင့္ စက္မွုရပ္ကြက္တြင္ အိမ္ေနာက္ေဖးေျမၿပိဳမွုေၾကာင့္ ေနအိမ္တြင္ ထမင္းစားေနသည့္ အမ်ိဳးသားတစ္ဦးေသဆုံးမွုျဖစ္ပြားခဲ့သည္။ဆလိုင္းဗန္ရိုးထန္(ျပန္/ဆက္)

 

Unicode Versionျဖင့္ဖတ္ရန္

 

မူဆယ် ဩဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မူဆယ်မြို့ ရပ်ကွက်အချို့တွင် မြေပြိုင်မှုနှင့် ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ဩဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မူဆယ်မြို့၊ စက်မှုရပ်ကွက်၊ ခရစ်ယာန်ရပ်ကွက်နှင့် ရပ်ကွက်အချို့တို့တွင် မြေပြိုမှုများနှင့် ရေလျှံမှုများဖြစ်ပွားခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားသည့် ခရစ်ယာန်ရပ်ကွက်နေ ရပ်ကွက်သူ၊ ရပ်ကွက်သားများက မိုးဆက်လက်ရွာသွန်း၍ မြေပြိုမှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်းလည်း သိရသည်။ “ မနက်ကတဲ့က မိုးရွားနေတာကြောင့် အိမ်ရဲ့အပေါ်ဘက် မြေတွေပြိုကျလာတယ်၊ ဒီညလည်း မိုးဆက်ရွာနေရင် ပြိုင်ကျလာမှာကြောက်လို့ အိမ်မှာမအိပ်ရဲဘူး၊ ဘေးအိမ်တွေမှာပဲ လောလောဆယ်ပြောင်းနေရတယ်”လို့ ခရစ်ယာန်ရပ်ကွက်နေ ဒေါ်ဖြူမာခင်က ပြောကြားသည်။

ဩဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ခရစ်ယာန်ရပ်ကွက်၊ ဆင်ဖြူလမ်းရှိ အပေါ်ဘက်အိမ်တစ်လုံး တစ်ပေခန့် မြေကျုံကျသွားခြင်း၊ အိမ်သာများ ကျိုးပေါက်ခြင်းများနှင့် မြေများအက်ကွဲခြင်းတို့ကြောင့် မိုးဆက်လက်ရွာသွန်းမည်ဆိုပါက အပေါ်ဘက်မှ မြေများပြိုကျလာနိုင်ကြောင်း သိရသည်။ အလားတူ စက်မှုရပ်ကွက်နှင့် ရပ်ကွက်အချို့တို့တွင် ရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဩဂုတ် ၁၀ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် စက်မှုရပ်ကွက်တွင် အိမ်နောက်ဖေးမြေပြိုမှုကြောင့် နေအိမ်တွင် ထမင်းစားနေသည့် အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

Be the first to comment

Leave a Reply

Your email address will not be published.


*