ယာဉ်မောင်းအိပ်ငိုက်ပြီး တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ယာဉ်တိုက်မှုဖြစ်ပွား သုံးဦးဒဏ်ရာများရရှိ
ရေတာရှည် ဇူလိုင် ၁၁
ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သာဂရနယ်မြေရဲစခန်း တာဝန်မှူး ဒုရဲအုပ် အောင်ကိုကိုသန့် နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်ချို ၂၆ နှစ်၊ အမှတ် ၇ ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူမောင်းနှင်ပြီး တစ်ရပ်ကွက် တည်းနေ ဦးသန်းထွန်း ၅၀ နှစ်၊ မောင်ပါ ၃၉ နှစ် တို့လိုက်ပါလာသည့် YGN-1M/—– ISUZU၂၂ ဘီးယာဉ်သည် မိုင်တိုင် ၁၉၂/၁ နှင့် ၂ အကြားအရောက် ယာဉ်မောင်းအိပ်ငိုက်သွားသဖြင့် တစ်ဘက် ယာဉ်ကြောသို့ရောက်ရှိပြီး ရှေ့မျက်နှာချင်းဆိုင်ဘက်မှမောင်းနှင်လာသည့် ကုန်တင်ယာဉ်အားပွတ်တိုက်မိ သွားခဲ့ခြင်းဖြစ်သည်။
Unicode Version ဖြင့်ဖတ်ရန်
ရေတာရှည် ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ ဆပ်သွားကျေး ရွာအနီး ရန်ကုန်-မန္တလေးကားတွင် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းအချိန် ယာဉ်မောင်းအိပ်ငိုက်သွားရာမှ ရှေ့မျက်နှာချင်ဆိုင်ဘက်မှမောင်းနှင်လာသည့် ၂၂ ဘီးယာဉ်အားဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး သုံးဦးဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သာဂရနယ်မြေရဲစခန်း တာဝန်မှူး ဒုရဲအုပ် အောင်ကိုကိုသန့် နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်ချို ၂၆ နှစ်၊ အမှတ် ရ ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူမောင်းနှင်ပြီး တစ်ရပ်ကွက် တည်းနေ ဦးသန်းထွန်း ၅၀ နှစ်၊ မောင်ပါ ၃၉ နှစ် တို့လိုက်ပါလာသည့် YGN-1M/—– ISUZU၂၂ ဘီးယာဉ်သည် မိုင်တိုင် ၁၉၂/၁ နှင့် ၂ အကြားအရောက် ယာဉ်မောင်းအိပ်ငိုက်သွားသဖြင့် တစ်ဘက် ယာဉ်ကြောသို့ရောက်ရှိပြီး ရှေ့မျက်နှာချင်းဆိုင်ဘက်မှမောင်းနှင်လာသည့် ကုန်တင်ယာဉ်အားပွတ်တိုက်မိ သွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ဦးသန်းထွန်း တွင် ဝဲဘက် နဖူးဖူးရောင်၊ ဝဲလက်ကောက်ဝတ်ကျိုးပြတ်ဒဏ်ရာ(စိုးရိမ်ရ)၊ မောင်ချို နှင့် မောင်ပါ တို့တွင် မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့၍ ယာဉ်မောင်း မောင်ချို အား သာဂရနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။ ကိုလွင်(ဆွာ)
Be the first to comment
Leave a Reply
Your email address will not be published.
*