ရထား(၂)စင္းတိုက္မိလို႔ လူ(၁၀)ဦးထက္မနည္း ေသဆံုးခဲ့ၿပီး လူ(၆၀)ဦး ဒဏ္ရာရ

ပါကစၥတန္ႏိုင္ငံ၊ Sadiqabad ၿမိဳ႕အနီးမွာ အခုလ(၁၁)ရက္ေန႔က ရထားႏွစ္စီး တိုက္မိခဲ့လို႔ လူ(၁၀)ဦးထက္မနည္း ေသဆံုးၿပီး၊ လူ(၆၀)ဦး ဒဏ္ရာခဲ့တယ္လို႔ ေဒသမီဒီယာက ထုတ္ျပန္ထားပါတယ္။ Quetta ၿမိဳ႕ကို ဦးတည္သြားေနတဲ့ ခရီးသည္တင္ရထားဟာ ပန္ဂ်ပ္ျပည္နယ္၊ Sadiqabad ၿမိဳ႕ မီးရထားဘူတာမွာရပ္ထားတဲ့ ကုန္ရထားတစ္စီးကို ၀င္တုိက္မိခဲ့တာလို႔ သိရပါတယ္။

ဆိုးဆိုးရြားရြားပ်က္စီးသြားတဲ့ရထားတြဲေတြၾကားကေန ေသဆံုးသူေတြရဲ႕အေလာင္း ေတြကို သယ္ယူေနသလုိ၊ ေသဆံုးသူဦးေရပိုမ်ားလာႏုိင္ေျခရွိတယ္လို႔ ကယ္ဆယ္ေရးအရာရွိေတြက ေျပာပါတယ္။ ဒဏ္ရာရသူေတြကို ေဆးကုေပးဖုိ႔ Sadiqabad ၿမိဳ႕နဲ႔ အိမ္နီးခ်င္း Rahim Yar Khan ၿမိဳ႕ရွိ နီးစပ္ရာေဆးရံုေတြ ကုိအေျပးအလႊားပို႔ေဆာင္ထားရၿပီး၊

အဲဒီေဆးရံုေတြကိုလည္း အေရးေပၚအေျခအေနေၾကညာထားတယ္လို႔သိရပါ တယ္။ ၿပီးခဲ့တဲ့လ(၂၀)ရက္ေန႔တုန္းကလည္း Hyderabad ၿမိဳ႕အနီးမွာ ကုန္ရထားနဲ႔ခရီးသည္တင္ရထား ၀င္တုိက္ မိလို႔ လူ(၃)ဦးေသဆံုးခဲ့ေသးတယ္လို႔ ရိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။ စုစံစိုး/One News Myannnar

 

Unicode Version ျဖင့္ဖတ္ရန္

 

ပါကစ္စတန်နိုင်ငံ၊ Sadiqabad မြို့အနီးမှာ အခုလ(၁၁)ရက်နေ့က ရထားနှစ်စီး တိုက်မိခဲ့လို့ လူ(၁၀)ဦးထက်မနည်း သေဆုံးပြီး၊ လူ(၆၀)ဦး ဒဏ်ရာခဲ့တယ်လို့ ဒေသမီဒီယာက ထုတ်ပြန်ထားပါတယ်။ Quetta မြို့ကို ဦးတည်သွားနေတဲ့ ခရီးသည်တင်ရထားဟာ ပန်ဂျပ်ပြည်နယ်၊ Sadiqabad မြို့ မီးရထားဘူတာမှာရပ်ထားတဲ့ ကုန်ရထားတစ်စီးကို ၀င်တိုက်မိခဲ့တာလို့ သိရပါတယ်။

ဆိုးဆိုးရွားရွားပျက်စီးသွားတဲ့ရထားတွဲတွေကြားကနေ သေဆုံးသူတွေရဲ့အလောင်း တွေကို သယ်ယူနေသလို၊ သေဆုံးသူဦးရေပိုများလာနိုင်ခြေရှိတယ်လို့ ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးကုပေးဖို့ Sadiqabad မြို့နဲ့ အိမ်နီးချင်း Rahim Yar Khan မြို့ရှိ နီးစပ်ရာဆေးရုံတွေ ကိုအပြေးအလွှားပို့ဆောင်ထားရပြီး၊

အဲဒီဆေးရုံတွေကိုလည်း အရေးပေါ်အခြေအနေကြေညာထားတယ်လို့သိရပါ တယ်။ ပြီးခဲ့တဲ့လ(၂၀)ရက်နေ့တုန်းကလည်း Hyderabad မြို့အနီးမှာ ကုန်ရထားနဲ့ခရီးသည်တင်ရထား ၀င်တိုက် မိလို့ လူ(၃)ဦးသေဆုံးခဲ့သေးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ စုစံစိုး/One News Myannnar

Be the first to comment

Leave a Reply

Your email address will not be published.


*