ရဲတပ္ဖဲြ႕၀င္မ်ားက စစ္ေဆးစဥ္ စစ္ေဆးမခံဘဲ ဓါးျဖင့္ခုတ္သူမ်ားအား ပစ္ခတ္ဖမ္းဆီးအေရးယူ

၁၁-၈-၂၀၁၉ ရက္ေန႔ ေန႔လည္ ၁၂ နာရီ ၂၅ အခ်ိန္ မိတၳီလာၿမိဳ႔၊ ရတနာမာရ္ေအာင္ရပ္ကြက္ရိွ ခရုိင္အားကစားကြင္းအနီး ပတ္၀န္းက်င္ရိွ ကႏၲာရခ်ံဳမ်ားတြင္ လမ္းသြားလမ္းလာမ်ားအား လုယက္မႈက်ဴးလြန္ ျခင္း၊ မူးယစ္ေဆး၀ါးသံုးစဲြမႈမ်ား၊ ျပစ္မႈက်ဴးလြန္ၿပီးေနာက္ ေရွာင္တိမ္းေနသူမ်ား လာေရာက္ခုိေအာင္းေနေၾကာင္း

သတင္းအရ မိတၳီလာၿမိဳ႔မရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားသည္ ခရုိင္အားကစားကြင္းအနီးတြင္လွည့္ကင္း ေဆာင္ရြက္ခဲ့ေနစဥ္ ခရုိင္အားကစားကြင္းေျမာက္ဘက္၊ ေပ ၁၀၀ ခန္႔အကြာရိွ ကႏၲာရခ်ံဳအတြင္း၀င္ေရာက္ ရွင္းလင္းရာ ထင္လင္းေအာင္(ခ) အငယ္ေလး ၁၉ ႏွစ္၊ နယ္ေျမ(၁၂)၊ ရန္မ်ိဳးေအာင္ရပ္ကြက္၊ မိတၳီလာၿမိဳ႔၊ ပါ ၃ ဦးအားေတြ႕ရိွသျဖင့္ ေမးျမန္းရာ ထင္လင္းေအာင္ (ခ)အငယ္ေလးမွ စစ္ေဆးမခံဘဲ အရုိးအသြား ၁၂ လက္မခြဲ(သတၱဳရုိးတပ္) ကုိင္ေဆာင္ၿပီး ရဲတပ္ဖဲြ႕၀င္မ်ားထံသုိ႔ေျပး၀င္လာသျဖင့္ ေပ ၅၀ ခန္ြအကြာမွပစ္ခတ္ရာရပ္တန္႔ျခင္းမရိွဘဲ ဆက္လက္ဓားျဖင့္ေျပးခုတ္သျဖင့္ ေပ ၂၅ ေပခန္႔ႏွင့္ ၁၀ ေပခန္႔အကြာတုိ႔တြင္ ထပ္မံပစ္ခတ္ခဲ့ရာ ထင္လင္းေအာင္၏ ၀ဲဘက္ဂ်ိဳင္းေအာက္ေဖာက္၀င္ဒဏ္ရာရရိွၿပီး အဆုိပါလူငယ္ ၃ ဦးမွာ ထြက္ေျပးသြားသျဖင့္

လုိက္လံဖမ္းဆီးရာ ညီညီေအာင္အား ခ်က္ခ်င္းဖမ္းဆီးရမိၿပီး ထင္လင္းေအာင္(ခ) အငယ္ေကာင္အား ေန႔လည္ ၁၂ နာရီ ၅၀ အခ်ိန္ ရန္မ်ိဳးေအာင္ရပ္ကြက္အတြင္း ဖမ္းဆီးရမိခဲ့ၿပီး စစ္ေမးရာ ထင္လင္းေအာင္(ခ) အငယ္ေကာင္ သည္ ၂၅-၅-၂၀၁၉ ရက္ေန႔တြင္ အမႈဖြင့္လွစ္ထားေသာ မိတၳီလာၿမိဳ႔နယ္၊ အမွတ္(၂)နယ္ေျမ ရဲစခန္း (ပ)၂၅၃/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၇၉(မဆ)/၁၁၄ အမႈမွ တရားခံေျပးတစ္ဦးျဖစ္ေၾကာင္းသိရိွရၿပီး ဖမ္းဆီးရမိသူ ထင္လင္းေအာင္(ခ) အငယ္ေကာင္၊ ညီညီေအာင္ တုိ႔အား မိတၳီလာၿမိဳ႔မရဲစခန္း (ပ) ၅၃၅/၂၀၁၉၊ လက္နက္ပုဒ္မ ၁၉(င) ျဖင့္အမႈဖြင့္ထားရိွၿပီး အျခားျပစ္မႈမ်ားက်ဴးလြန္ျခင္းရိွ/မရိွ စစ္ေဆးေဆာင္ရြက္လ်က္ ရိွေၾကာင္းသတင္းရရိွသည္။Mandalay Police

 

Unicode Versionျဖင့္ဖတ္ရန္

 

၁၁-၈-၂၀၁၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၅ အချိန် မိတ္ထီလာမြို့၊ ရတနာမာရ်အောင်ရပ်ကွက်ရှိ ခရိုင်အားကစားကွင်းအနီး ပတ်ဝန်းကျင်ရှိ ကန္တာရချုံများတွင် လမ်းသွားလမ်းလာများအား လုယက်မှုကျူးလွန် ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုများ၊ ပြစ်မှုကျူးလွန်ပြီးနောက် ရှောင်တိမ်းနေသူများ လာရောက်ခိုအောင်းနေကြောင်း

သတင်းအရ မိတ္ထီလာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ခရိုင်အားကစားကွင်းအနီးတွင်လှည့်ကင်း ဆောင်ရွက်ခဲ့နေစဉ် ခရိုင်အားကစားကွင်းမြောက်ဘက်၊ ပေ ၁၀၀ ခန့်အကွာရှိ ကန္တာရချုံအတွင်းဝင်ရောက် ရှင်းလင်းရာ ထင်လင်းအောင်(ခ) အငယ်လေး ၁၉ နှစ်၊ နယ်မြေ(၁၂)၊ ရန်မျိုးအောင်ရပ်ကွက်၊ မိတ္ထီလာမြို့၊ ပါ ၃ ဦးအားတွေ့ရှိသဖြင့် မေးမြန်းရာ ထင်လင်းအောင် (ခ)အငယ်လေးမှ စစ်ဆေးမခံဘဲ အရိုးအသွား ၁၂ လက်မခွဲ(သတ္တုရိုးတပ်) ကိုင်ဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များထံသို့ပြေးဝင်လာသဖြင့် ပေ ၅၀ ခန်ွအကွာမှပစ်ခတ်ရာရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဓားဖြင့်ပြေးခုတ်သဖြင့် ပေ ၂၅ ပေခန့်နှင့် ၁၀ ပေခန့်အကွာတို့တွင် ထပ်မံပစ်ခတ်ခဲ့ရာ ထင်လင်းအောင်၏ ဝဲဘက်ဂျိုင်းအောက်ဖောက်ဝင်ဒဏ်ရာရရှိပြီး အဆိုပါလူငယ် ၃ ဦးမှာ ထွက်ပြေးသွားသဖြင့်

လိုက်လံဖမ်းဆီးရာ ညီညီအောင်အား ချက်ချင်းဖမ်းဆီးရမိပြီး ထင်လင်းအောင်(ခ) အငယ်ကောင်အား နေ့လည် ၁၂ နာရီ ၅၀ အချိန် ရန်မျိုးအောင်ရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့ပြီး စစ်မေးရာ ထင်လင်းအောင်(ခ) အငယ်ကောင် သည် ၂၅-၅-၂၀၁၉ ရက်နေ့တွင် အမှုဖွင့်လှစ်ထားသော မိတ္ထီလာမြို့နယ်၊ အမှတ်(၂)နယ်မြေ ရဲစခန်း (ပ)၂၅၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ)/၁၁၄ အမှုမှ တရားခံပြေးတစ်ဦးဖြစ်ကြောင်းသိရှိရပြီး ဖမ်းဆီးရမိသူ ထင်လင်းအောင်(ခ) အငယ်ကောင်၊ ညီညီအောင် တို့အား မိတ္ထီလာမြို့မရဲစခန်း (ပ) ၅၃၅/၂၀၁၉၊ လက်နက်ပုဒ်မ ၁၉(င) ဖြင့်အမှုဖွင့်ထားရှိပြီး အခြားပြစ်မှုများကျူးလွန်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။Mandalay Police

Be the first to comment

Leave a Reply

Your email address will not be published.


*