လူပ်ိဳဟု လိမ္ညာကာ ၁၅ ႏွစ္သမီးကို သားမယားျပဳက်င့္

ဧရာဝတီတိုမ္​း​ေဒသႀကီး၊ ဖ်ာပုံခရိုင္၊​ က်ိဳက္​လတ္​ၿမိဳ႕၊ အမွတ္​ ၅ ရပ္​ကြက္​တြင္​ အသက္ ၁၅ ႏွစ္အရြယ္ မိန္းကေလးငယ္ကို လူပ်ိဳဟုလိမ္ညာေျပာဆိုကာ သားမယားအျဖစ္ျပဳက်င့္ခဲ့သည့္ အသက္ ၂၈ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကို က်ိဳက္လတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း သတင္းရရွိသည္။သတင္းရရွိသည္။

က်ိဳက္လတ္ၿမိဳ႕၊ အမွတ္ ၅ ရပ္ကြက္ေန အသက္ ၁၅ ႏွစ္အရြယ္ မ— မွာ ေမာင္ျဖစ္သူႏွင့္အတူ ၾသဂုတ္လ ၉ ရက္ေန႔ ည ၇ နာရီခန႔္က ေဆးသြားဝယ္ရာ လမ္းတြင္ ထြန္းလင္း (၂၈ ႏွစ္) မွ ကေလးငယ္ကို “ေသနတ္ဝယ္ေပးမယ္”ဟု ေျပာဆိုကာ က်ိဳက္လတ္ၿမိဳ႕၊ ၁၅ ရပ္ကြက္မွ ၎၏အသိမိတ္ေဆြေနအိမ္သို႔ ေခၚေဆာင္သြားေၾကာင္း၊ ထို႔ေၾကာင့္ မ— မွာ ကေလးကို ျပန္ေပးရန္ အဆိုပါေနအိမ္သို႔ လိုက္လံေျပာဆိုခဲ့ေၾကာင္း သိရသည္။

ထြန္းလင္း (၂၈ ႏွစ္) မွာ ကေလးငယ္ကို အိမ္ခန္းထဲေခၚသြားသည့္အတြက္ မ— မွာ ေနအိမ္ခန္းအတြင္းသို႔ လိုက္လံေခၚေဆာင္စဥ္ ထြန္းလင္းမွ မ— အား “မိမိမွာ လူပ်ိဳျဖစ္ၿပီး မ— အား အတည္ယူမည္ျဖစ္ေၾကာင္း၊ မနက္က်လၽွင္ တရား႐ုံးတက္ လက္မွတ္ထိုးမည္၊ ကေလးကိုလည္း အိမ္ျပန္ပို႔ေပးမည္”ဟု ေျပာဆိုကာ အဆိုပါ ညတြင္ သားမယားအျဖစ္ ၂ ႀကိမ္တိုင္ ျပဳက်င့္ခဲ့ေၾကာင္း အမ်ိဳးသမီးငယ္၏မိသားစုဝင္မ်ားထံမွ သိရသည္။

“က်မသမီးနဲ႔ သူ႔ေမာင္ေလးနဲ႔ ညပိုင္းကတည္းက ေဆးသြားဝယ္တာ တစ္ညလုံးျပန္မလာဘူး။ လိုက္ရွာၾကေတာ့ မနက္လင္းမွ ျပန္ေတြ႕တယ္။ သမီးကို ေမးၾကည့္ေတာ့ ထြန္းလင္းက သူ႔ကို အဲ့လိုမ်ိဳး ျပဳက်င့္တယ္ဆိုၿပီး ေျပာတဲ့အတြက္ က်မတို႔က ရဲစခန္းမွာ တိုင္တန္းခဲ့တာျဖစ္ပါတယ္”ဟု ျပဳက်င့္ခံရသည့္ မိန္းကေလးငယ္၏မိခင္ျဖစ္သူက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

က်ိဳက္လတ္ၿမိဳ႕မရဲစခန္းမွ ကေလး ၃ ေယာက္ဖခင္ျဖစ္သူ ထြန္းလင္း (၂၈ ႏွစ္) ဆန္စက္က်ပန္းအလုပ္သမားအားျပစ္မႈအမွတ္ – ၁၄၇၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ (မုဒိန္းမႈ) ျဖင့္ အမႈဖြင့္လွစ္ၿပီး လိုက္လံဖမ္းဆီးခဲ့ရာ တရားခံမွာ ထြက္ေျပးတိမ္းေရွာင္ေနသည့္အတြက္ က်ိဳက္လတ္ၿမိဳ႕အေျခစိုက္ ေရာင္နီဦးအမ်ိဳးသမီးလူမႈဖြံ့ၿဖိဳးတိုးတက္ေရးအဖြဲ႕၊ ရပ္ကြက္ေက်းရြာ အုပ္ခ်ဳပ္ေရးတာဝန္ရွိ အဖြဲ႕မ်ားႏွင့္ ရဲတပ္ဖြဲ႕ကို ပူးေပါင္းဖမ္းဆီးခဲ့ရာ တရားခံ ထြန္းလင္း (၂၈) ႏွစ္ကို က်ိဳက္လတ္ၿမိဳ႕နယ္၊ ပန္းပဲစုေက်းရြာတြင္ ၾသဂုတ္လ ၁၀ ရက္ေန႔ မနက္ပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

“က်မတို႔႐ုံးကို ကာယကံရွင္မိန္းကေလးနဲ႔ မိဘေတြ လာတိုင္ေတာ့ အခင္းျဖစ္ေနရာကို သြားၾကည့္တဲ့အခ်ိန္မွာ စြပ္စြဲခံရတဲ့ ထြန္းလင္းက ထြက္ေျပးသြားတယ္။ အဲဒါနဲ႔ သူထြက္ေျပးတဲ့ ပန္းပဲစုရြာက က်မတို႔ ေရာင္နီဦးအဖြဲ႕ဝင္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ ပူးေပါင္းၿပီး လိုက္ဖမ္းခဲ့ရာမွာ ထြန္းလင္းကို ဖမ္းမိခဲ့တာ ျဖစ္တယ္။ က်ဴးလြန္ခံရတဲ့ မိန္းကေလးငယ္ရဲ့မိသားစုက ခ်ိဳ႕တဲ့တဲ့အတြက္ က်မတို႔အဖြဲ႕အေနနဲ႔ ေရွ႕ေနကို အခမဲ့ ကူညီေဆာင္ရြက္ ေပးသြားဖို႔ ျပင္ဆင္ထားပါတယ္”ဟု က်ိဳက္​လတ္​ၿမိဳ႕နယ္​ အ​ေျခစိုက္​ ​ေရာင္​နီဉီး အမ်ိဳးသမီး လူမႈဖြံၿဖိဳးတိုးတတ္​​ေရးအဖြဲ႕ ဉကၠဌ ​ေဒၚခင္​​ေအးမိုးက ဧရာဝတီတိုင္​းမ္​ကို ​ေျပာသည္​။

ျမန္မာႏိုင္ငံ၏ဥပေဒအရ ေမြးကင္းစမွ အသက္ ၁၆ ႏွစ္အရြယ္အထိ အသက္အရြယ္ကို ကေလးသူငယ္ဟု သတ္မွတ္ၿပီးအသက္မျပည့္ေသးသူအေပၚ လိင္ဆက္ဆံပါက အလုိတူသည္ျဖစ္ေစ၊ အလိုမတူသည္ျဖစ္ေစ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ (မုဒိန္းမႈ) ေျမာက္ေၾကာင္း တည္ဆဲဥပေဒျပဌာန္းခ်က္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္လအတြင္းကလည္း က်ိဳက္လတ္ၿမိဳ႕နယ္၊ ပရိုက္ဝေက်းရြာအုပ္စုတြင္ ဦးေလးအရင္းျဖစ္သူမွ တူမအရင္း နဝမတန္းေက်ာင္းသူကို အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့သည့္အတြက္ က်ိဳက္လတ္ၿမိဳ႕မရဲစခန္းက ပုဒ္မ ၃၇၆ (မုဒိန္းမႈ) ျဖင့္ အမႈဖြင့္အေရးယူထားၿပီး တရားခံမွာ ထြက္ေျပးတိမ္းေရွာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။Ayeyarwaddy_Times

 

Unicode Versionျဖင့္ဖတ္ရန္

 

ဧရာဝတီတိုမ်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၊ အမှတ် ၅ ရပ်ကွက်တွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို လူပျိုဟုလိမ်ညာပြောဆိုကာ သားမယားအဖြစ်ပြုကျင့်ခဲ့သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ကျိုက်လတ်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ကျိုက်လတ်မြို့၊ အမှတ် ၅ ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မ— မှာ မောင်ဖြစ်သူနှင့်အတူ သြဂုတ်လ ၉ ရက်နေ့ ည ၇ နာရီခန့်က ဆေးသွားဝယ်ရာ လမ်းတွင် ထွန်းလင်း (၂၈ နှစ်) မှ ကလေးငယ်ကို “သေနတ်ဝယ်ပေးမယ်”ဟု ပြောဆိုကာ ကျိုက်လတ်မြို့၊ ၁၅ ရပ်ကွက်မှ ၎င်း၏အသိမိတ်ဆွေနေအိမ်သို့ ခေါ်ဆောင်သွားကြောင်း၊ ထို့ကြောင့် မ— မှာ ကလေးကို ပြန်ပေးရန် အဆိုပါနေအိမ်သို့ လိုက်လံပြောဆိုခဲ့ကြောင်း သိရသည်။

ထွန်းလင်း (၂၈ နှစ်) မှာ ကလေးငယ်ကို အိမ်ခန်းထဲခေါ်သွားသည့်အတွက် မ— မှာ နေအိမ်ခန်းအတွင်းသို့ လိုက်လံခေါ်ဆောင်စဉ် ထွန်းလင်းမှ မ— အား “မိမိမှာ လူပျိုဖြစ်ပြီး မ— အား အတည်ယူမည်ဖြစ်ကြောင်း၊ မနက်ကျလျှင် တရားရုံးတက် လက်မှတ်ထိုးမည်၊ ကလေးကိုလည်း အိမ်ပြန်ပို့ပေးမည်”ဟု ပြောဆိုကာ အဆိုပါ ညတွင် သားမယားအဖြစ် ၂ ကြိမ်တိုင် ပြုကျင့်ခဲ့ကြောင်း အမျိုးသမီးငယ်၏မိသားစုဝင်များထံမှ သိရသည်။

“ကျမသမီးနဲ့ သူ့မောင်လေးနဲ့ ညပိုင်းကတည်းက ဆေးသွားဝယ်တာ တစ်ညလုံးပြန်မလာဘူး။ လိုက်ရှာကြတော့ မနက်လင်းမှ ပြန်တွေ့တယ်။ သမီးကို မေးကြည့်တော့ ထွန်းလင်းက သူ့ကို အဲ့လိုမျိုး ပြုကျင့်တယ်ဆိုပြီး ပြောတဲ့အတွက် ကျမတို့က ရဲစခန်းမှာ တိုင်တန်းခဲ့တာဖြစ်ပါတယ်”ဟု ပြုကျင့်ခံရသည့် မိန်းကလေးငယ်၏မိခင်ဖြစ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျိုက်လတ်မြို့မရဲစခန်းမှ ကလေး ၃ ယောက်ဖခင်ဖြစ်သူ ထွန်းလင်း (၂၈ နှစ်) ဆန်စက်ကျပန်းအလုပ်သမားအားပြစ်မှုအမှတ် – ၁၄၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိန်းမှု) ဖြင့် အမှုဖွင့်လှစ်ပြီး လိုက်လံဖမ်းဆီးခဲ့ရာ တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ကျိုက်လတ်မြို့အခြေစိုက် ရောင်နီဦးအမျိုးသမီးလူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိ အဖွဲ့များနှင့် ရဲတပ်ဖွဲ့ကို ပူးပေါင်းဖမ်းဆီးခဲ့ရာ တရားခံ ထွန်းလင်း (၂၈) နှစ်ကို ကျိုက်လတ်မြို့နယ်၊ ပန်းပဲစုကျေးရွာတွင် သြဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျမတို့ရုံးကို ကာယကံရှင်မိန်းကလေးနဲ့ မိဘတွေ လာတိုင်တော့ အခင်းဖြစ်နေရာကို သွားကြည့်တဲ့အချိန်မှာ စွပ်စွဲခံရတဲ့ ထွန်းလင်းက ထွက်ပြေးသွားတယ်။ အဲဒါနဲ့ သူထွက်ပြေးတဲ့ ပန်းပဲစုရွာက ကျမတို့ ရောင်နီဦးအဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး လိုက်ဖမ်းခဲ့ရာမှာ ထွန်းလင်းကို ဖမ်းမိခဲ့တာ ဖြစ်တယ်။ ကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ရဲ့မိသားစုက ချို့တဲ့တဲ့အတွက် ကျမတို့အဖွဲ့အနေနဲ့ ရှေ့နေကို အခမဲ့ ကူညီဆောင်ရွက် ပေးသွားဖို့ ပြင်ဆင်ထားပါတယ်”ဟု ကျိုက်လတ်မြို့နယ် အခြေစိုက် ရောင်နီဉီး အမျိုးသမီး လူမှုဖွံဖြိုးတိုးတတ်ရေးအဖွဲ့ ဉက္ကဌ ဒေါ်ခင်အေးမိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံ၏ဥပဒေအရ မွေးကင်းစမှ အသက် ၁၆ နှစ်အရွယ်အထိ အသက်အရွယ်ကို ကလေးသူငယ်ဟု သတ်မှတ်ပြီးအသက်မပြည့်သေးသူအပေါ် လိင်ဆက်ဆံပါက အလိုတူသည်ဖြစ်စေ၊ အလိုမတူသည်ဖြစ်စေ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိန်းမှု) မြောက်ကြောင်း တည်ဆဲဥပဒေပြဌာန်းချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကျိုက်လတ်မြို့နယ်၊ ပရိုက်ဝကျေးရွာအုပ်စုတွင် ဦးလေးအရင်းဖြစ်သူမှ တူမအရင်း နဝမတန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့်အတွက် ကျိုက်လတ်မြို့မရဲစခန်းက ပုဒ်မ ၃၇၆ (မုဒိန်းမှု) ဖြင့် အမှုဖွင့်အရေးယူထားပြီး တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။Ayeyarwaddy_Times

Be the first to comment

Leave a Reply

Your email address will not be published.


*