လြန္ဆြဲလို႔လား မုန္တိုင္းေၾကာင္႔လား မႏၲေလးမွာ မိုးရြာသြန္း

မႏၲေလးၿမိဳ႕၊ ၈၁ လမ္း၊ ၂၁-၂၂လမ္းၾကားရွိ၊ ဘုရားနီဘုရား၊ ေဗာင္းေတာ္က် ေစတီ ေရွ႕တြင္ ယေန ့ညေန ၅ နာရီ ခန္႔က ရပ္ကြက္လူထု မွ ပူးေပါင္း၍ ျမန္မာ႐ိုးရာမိုးေခၚ လြန္ဆြဲပြဲ ေတာ္ အား က်င္းပခဲ့သည္။

photo ျပည္​့စံုေအာင္​(မီးစက္​ႀကီး)

လြန္ဆြဲျခင္းသည္ အားသန္ေစျခင္း၊ ကိုယ္ခနၶာ ျကံ့ခိုင္ေတာင့္တင္း၍ က်မ္းမာျခင္း၊ စိတ္ေပ်ာ္ရွြင္ျခင္း၊ ယံုျကည္စြဲလမ္းမႈအတြက္ ေက်နပ္ျခင္း၊ ရပ္သူရြာသားျခင္း စည္းလံုးခ်စ္ခင္ညီညြတ္ျခင္း၊ အားကစားစိတ္ဓာတ္၊ အသင္းစိတ္ဓာတ္ ရရွိျခင္းစသည့္ အဓိကအက်ိုးရလဒ္မ်ား ရရွိေစပါသည္။

လြန္ဆြဲရာတြင္ လြန္ေခါင္းတစ္ဦးကို ထားရသည္။ သူ၏ အဆံုးအျဖတ္ကို နာခံျကရသည္။ လြန္ဆြဲမည့္သူမ်ားစံုလွ်င္ လြန္ေခါင္းလုပ္သူက လြန္ျကိုးတစ္ဖက္တစ္ခ်က္စီတြင္ ေနရာယူေစျကျပီး လြန္ဆြဲျခင္းစရန္ အမိန့္ေပးလိုက္ေသာအခါ တစ္ဖက္နွင့္တစ္ဖက္ မ်က္နွာခ်င္းဆိုင္ရပ္ကာ ျကိုးကို ကိုင္ျကသည္။ လြန္ေခါင္းက “ဆြဲ” ဟု အမိန့္ေပးလိုက္သည္နွင့္ တစ္ဖက္နွင့္တစ္ဖက္ အနိုင္မခံအရံႈးမေပးေသာဇြဲျဖင့္ အင္အားရွိသမွ်ထုတ္ကာ ဆြဲျကေတာ့သည္။

လြန္ဆြဲျပိုင္ရာတြင္ သတ္မွတ္ထားသည့္ စည္းကမ္းမ်ားမွာ − (၁) လြန္သင္းတစ္သင္းတြင္ လူရွစ္ေယာက္စီပါဝင္ရန္

(၂) လြန္ျကိုးသည္ အလံုးေလးလက္မထက္ မေသးသည့္ျကိုးျဖစ္ရန္နွင့္ ၃၅ − ေပထက္ မတိုေတာင္းေစရန္

(၃) ျကိုး၏ အလယ္ဗဟိုတြင္ အမွတ္အသားတစ္ခု မွတ္သားရန္ (သို့) ျမင္သာထင္သာရွိေအာင္ တစ္ခုခုျဖင့္ ခ်ည္ေနွာင္ထားျကရန္၊ အမွတ္အသား၏ တစ္ဖက္တစ္ခ်က္ ေျခာက္ေပအကြာေနရာတြင္လည္း အမွတ္အသားတစ္ခု ျပုလုပ္ထားရန္

(၄) ျကိုးေပၚတြင္ အမွတ္အသားျပုသကဲ့သို့ ေျမေပၚတြင္လည္း အမွတ္အသား (သို့) စည္းခ်ထားရန္

(၅) ျပိုင္ပြဲမစတင္မီ ျကိုးကို ဗဟိုအမွတ္အသားနွင့္ ေျမမွအမွတ္အသားတို့ကို တည့္တည့္တစ္ထပ္တည္းက်ေအာင္ ထားရွိရန္

(၆) ျပိုင္ပြဲဝင္မ်ား အသင့္ရွိျက၍ ဒိုင္က စတင္ဆြဲရန္ အမိန့္မေပးခင္ ျကိုးကိုင္အမိန့္ေပးရန္

(၇) ျကိုးကိုင္အေနအထားတြင္ ေျမဗဟိုအမွတ္အသားနွင့္ ျကိုးဗဟိုအမွတ္အသားတို့ မည္သည့္ဘက္သို့မွ စြန္းထြက္မေနေစဘဲ တည့္မတ္မွန္ကန္လွ်င္ “ဆြဲ” ဟု အမိန့္ေပးရန္

(၈) တစ္သင္းနွင့္တစ္သင္း လြန္ဆြဲျကျပီး တစ္ဖက္သည္ ေျခာက္ေပအကြာ အမွတ္အသားမွ ဗဟိုကို ေက်ာ္လြန္ပါလာေအာင္ ဆြဲနိုင္လွ်င္ေသာ္လည္းေကာင္း၊ အဆြဲခံရေသာဘက္မွာ တစ္ဦးတစ္ေယာက္၏ ေျခေထာက္သည္ ဗဟိုအမွတ္အသားသို့ ထိလာေအာင္ ဆြဲနိုင္လာသည္ျဖစ္လွ်င္ေသာ္လည္းေကာင္း ထိုသို့ ဆြဲနိုင္သည့္ဘက္ကို အနိုင္ေပးရန္

(၉) ျပိုင္ပြဲျကီး၌ နွစ္သင္းထက္ပို၍ အသင္းအမ်ားအျပားျပိုင္လွ်င္ အုပ္စုခြဲ၍ ပတ္လည္ျပိုင္ျကရန္

(၁၀) နွစ္သင္းတည္း (သို့) ဗိုလ္လုပြဲဆိုလွ်င္ သံုးျကိမ္သံုးခါခြဲေစျပီး နွစ္ျကိမ္နိုင္အသင္းက အနိုင္ရေစရန္ တို့ ျဖစ္ပါသည္။

Unicode Version

မန္တလေးမြို့၊ ၈၁ လမ်း၊ ၂၁-၂၂လမ်းကြားရှိ၊ ဘုရားနီဘုရား၊ ဗောင်းတော်ကျ စေတီ ရှေ့တွင် ယနေ့ညနေ ၅ နာရီ ခန့်က ရပ်ကွက်လူထု မှ ပူးပေါင်း၍ မြန်မာရိုးရာမိုးခေါ် လွန်ဆွဲပွဲ တော် အား ကျင်းပခဲ့သည်။

photo ပြည့်စုံအောင်(မီးစက်ကြီး)

လွန်ဆွဲခြင်းသည် အားသန်စေခြင်း၊ ကိုယ်ခန္ဓာ ကြံ့ခိုင်တောင့်တင်း၍ ကျမ်းမာခြင်း၊ စိတ်ပျော်ရွှင်ခြင်း၊ ယုံကြည်စွဲလမ်းမှုအတွက် ကျေနပ်ခြင်း၊ ရပ်သူရွာသားခြင်း စည်းလုံးချစ်ခင်ညီညွတ်ခြင်း၊ အားကစားစိတ်ဓာတ်၊ အသင်းစိတ်ဓာတ် ရရှိခြင်းစသည့် အဓိကအကျိုးရလဒ်များ ရရှိစေပါသည်။

လွန်ဆွဲရာတွင် လွန်ခေါင်းတစ်ဦးကို ထားရသည်။ သူ၏ အဆုံးအဖြတ်ကို နာခံကြရသည်။ လွန်ဆွဲမည့်သူများစုံလျှင် လွန်ခေါင်းလုပ်သူက လွန်ကြိုးတစ်ဖက်တစ်ချက်စီတွင် နေရာယူစေကြပြီး လွန်ဆွဲခြင်းစရန် အမိန့်ပေးလိုက်သောအခါ တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်ရပ်ကာ ကြိုးကို ကိုင်ကြသည်။ လွန်ခေါင်းက “ဆွဲ” ဟု အမိန့်ပေးလိုက်သည်နှင့် တစ်ဖက်နှင့်တစ်ဖက် အနိုင်မခံအရှုံးမပေးသောဇွဲဖြင့် အင်အားရှိသမျှထုတ်ကာ ဆွဲကြတော့သည်။

လွန်ဆွဲပြိုင်ရာတွင် သတ်မှတ်ထားသည့် စည်းကမ်းများမှာ − (၁) လွန်သင်းတစ်သင်းတွင် လူရှစ်ယောက်စီပါဝင်ရန်

(၂) လွန်ကြိုးသည် အလုံးလေးလက်မထက် မသေးသည့်ကြိုးဖြစ်ရန်နှင့် ၃၅ − ပေထက် မတိုတောင်းစေရန်

(၃) ကြိုး၏ အလယ်ဗဟိုတွင် အမှတ်အသားတစ်ခု မှတ်သားရန် (သို့) မြင်သာထင်သာရှိအောင် တစ်ခုခုဖြင့် ချည်နှောင်ထားကြရန်၊ အမှတ်အသား၏ တစ်ဖက်တစ်ချက် ခြောက်ပေအကွာနေရာတွင်လည်း အမှတ်အသားတစ်ခု ပြုလုပ်ထားရန်

(၄) ကြိုးပေါ်တွင် အမှတ်အသားပြုသကဲ့သို့ မြေပေါ်တွင်လည်း အမှတ်အသား (သို့) စည်းချထားရန်

(၅) ပြိုင်ပွဲမစတင်မီ ကြိုးကို ဗဟိုအမှတ်အသားနှင့် မြေမှအမှတ်အသားတို့ကို တည့်တည့်တစ်ထပ်တည်းကျအောင် ထားရှိရန်

(၆) ပြိုင်ပွဲဝင်များ အသင့်ရှိကြ၍ ဒိုင်က စတင်ဆွဲရန် အမိန့်မပေးခင် ကြိုးကိုင်အမိန့်ပေးရန်

(၇) ကြိုးကိုင်အနေအထားတွင် မြေဗဟိုအမှတ်အသားနှင့် ကြိုးဗဟိုအမှတ်အသားတို့ မည်သည့်ဘက်သို့မှ စွန်းထွက်မနေစေဘဲ တည့်မတ်မှန်ကန်လျှင် “ဆွဲ” ဟု အမိန့်ပေးရန်

(၈) တစ်သင်းနှင့်တစ်သင်း လွန်ဆွဲကြပြီး တစ်ဖက်သည် ခြောက်ပေအကွာ အမှတ်အသားမှ ဗဟိုကို ကျော်လွန်ပါလာအောင် ဆွဲနိုင်လျှင်သော်လည်းကောင်း၊ အဆွဲခံရသောဘက်မှာ တစ်ဦးတစ်ယောက်၏ ခြေထောက်သည် ဗဟိုအမှတ်အသားသို့ ထိလာအောင် ဆွဲနိုင်လာသည်ဖြစ်လျှင်သော်လည်းကောင်း ထိုသို့ ဆွဲနိုင်သည့်ဘက်ကို အနိုင်ပေးရန်

(၉) ပြိုင်ပွဲကြီး၌ နှစ်သင်းထက်ပို၍ အသင်းအများအပြားပြိုင်လျှင် အုပ်စုခွဲ၍ ပတ်လည်ပြိုင်ကြရန်

(၁၀) နှစ်သင်းတည်း (သို့) ဗိုလ်လုပွဲဆိုလျှင် သုံးကြိမ်သုံးခါခွဲစေပြီး နှစ်ကြိမ်နိုင်အသင်းက အနိုင်ရစေရန် တို့ ဖြစ်ပါသည်။