သထုံမြို့ ဘူတာရေကန်တူးရာမှ ရှေးဟောင်းလှံများတွေ့လို့ ယူကြရာ ဆိုင်ရာများက ဝိညာဉ်ပူးပြီး ပြန်ထားခိုင်းတဲ့ဖြစ်ရပ်

သထုံမြို့ ဘူတာရေကန်တူးရာမှ ရှေးဟောင်းလှံများတွေ့လို့ ယူကြရာ ဝိညာဉ်ပူးပြီး ပြန်ထားခိုင်းတဲ့ဖြစ်ရပ်

3-5-2019

သထုံမြို့ ဘူတာရေကန်တူးဖေါ်နေစဉ် ၀ိဥာည်ပူးကပ်မှုများရှိနေ

မင်းနန္ဒ၊ သမိန်ဗြတ်စ

မွန်ပြည်နယ်အစိုးရအဖွဲ့ဘတ်ဂျက်ရံပုံငွေဖြင့် တူးဖေါ်ဆောင်ရွက်နေသောလုပ်ငန်းခွင်အတွင်း ၀ိဥာည်ပူးကပ်မှုများ ဖြစ်ပွားခဲ့ကြောင်း မေလ (၂) ရက်နေ့ နံနက်ပိုင်းက အဆိုပါလုပ်ငန်းခွင်အတွင်း တာဝန်ရှိသူတစ်ဦးက လူထုကလောင်သို့ပြောကြားသည်။

လှံတံပုံသဏ္ဍန်(၆)ပေခန့်ရှိသံချောင်း

“ ကျွန်တော်တို့ ရေကန်တူးဖေါ်တော့ လှံပုံစံမျိုး တစ်ခု၊ စိန်အသွားအချွန် သံချောင်းကွေးနှစ်ချောင်း ဘက်ဟိုးကုတ်တော့ ပါလာတယ်။ အနီးအနားမှာရှိတဲ့သူတွေက အဲဒီသံချောင်းတွေကို လာယူသွားကြတယ်။ မနေ့ကတော့ ပယောဂဆရာတစ်ဦးကို ၀င်ပူးပြီး သူ့ပစ္စည်းသူ့နေရာထားပါလို့ပြောနေတယ်။

လှံပုံသဏ္ဍန်သံချောင်းနှင့် စပယ်ဖူးပုံသဏ္ဍန် သံချောင်းကောက်

ကျွန်တော် သိသလောက်တော့ အဲဒါပါဘဲ” ဟု ရေကူးတူးဖေါ်ရာတွင် ဘက်ဟိုးစက်မောင်းနှင်သူ ကရင်အမျိုးသားတစ်ဦးက ပြောသည်။သထုံမြို့ရှိဘူတာကန်သည် လွန်ခဲ့သည့်နှစ်ပေါင်း (၁၀၀ ) ခန့်က တူးဖေါ်ထားပြီး မီးရထားစက်ခေါင်းများအတွက် အဓိကအသုံးပြုခဲ့ပြီး၊

အနီးအနားရပ်ကွက်များကလည်းသုံးစွဲခဲ့သောကန်ဖြစ်ကာ ယခုအခါတွင် ရေရှားပါးသည့် ရပ်ကွက်များအတွက် ရေလှောင်နိုင်ရန် ပြည်နယ်ဘတ်ဂျက် ရံပုံငွေဖြင့် ပြန်လည်တူးဖေါ်နေခြင်းခြစ်သည်။

လှံတံပုံသဏ္ဍန်ထိပ်ဖူး

“ ထူးခြားဖြစ်စဉ်တွေရှိတယ်ဆိုလို့ တူးဖေါ်နေတဲ့ လုပ်ငန်းခွင်နေရာကိုသွားတော့ ၀င်ပူးတဲ့သူကို အခုလုပ်ငန်းခွင်လုပ်တဲ့သူတွေက စည်းကမ်းရှိဘူး၊ ပတ်ဝန်းကျင်ကိုစော်ကားတယ်၊ မိမိတို့ပိုင်တဲ့ ပစ္စည်းတွေကို သူတို့ယူပြီးရောင်းစားထားတယ်။

အဲဒါတွေ သူ့နေရာမှာသူထားပေးပါဆိုပြီးပြောတယ်လို့သိရတော့ စုံစမ်းလိုက်တော့ (၆) ပေလောက်ရှိတဲ့ လှံလိုအရာတစ်ခုနဲ့ အလေးချိန် အချိန် (၂၀ ) လောက်ရှိတယ် စပယ်ထိပ်ဖူးပါ သံချောင်းအကောက်ကြီးနှစ်ခုက သံဟောင်းရောင်းတဲ့ဆိုင်မှာသွားရောင်းထားလို့ အခု ပိုက်ဆံပြန်ပေးပြီး ပြန်ယူလာကြပါတယ်။

တွေ့မြင်ရသော ပစ္စည်း (၃) ခုအားဆက်စပ်နေစဉ် ဟိန္ဒူဘုရား လက်နက်ပုံသဏ္ဍန်အဖြင့် ထငမြင်ယူဆစဉ်

ဖြစ်စဉ်ကတော့ တကယ်ဖြစ်သွားတာပါဟု” ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကပြောသည်။အဆိုပါ (၆) ပေခန့်ရှိ လှံပုံသဏ္ဍန်ရှိ သံချောင်းနှင့် စပါယ်ဖူးသဏ္ဍန်ပါ သံချောင်း အကွေးနှစ်ခုအား ဆက်စပ်ပါက ဟိန္ဒူဘာသာဝင်တို့ ကိုးကွယ်ရာ မဟာသီဝ ဘုရား၏ လက်နက် ပုံသဏ္ဍန်ဖြစ်ပေါ်လာခြင်းကြောင့် ….

အချို့ကလည်း ဟိန္ဒူဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာလက်နက်ဖြစ်ပြီး ထိုလက်နက်ကို သွားရောက်ရောင်းစားခဲ့ခြင်းကြောင့် ယခုလိုပူးကပ်ခြင်းများဖြစ်လာကြောင်းပြောဆိုနေကြသည်။

စပယ်ဖူးသဏ္ဍန် သံချောင်း

“ မီရထားကြေးနန်းနှင့်အချက်ပြရာတွင် အသုံးပြုခဲ့သောပစ္စည်းများဟု ခန့်မှန်းရကြောင်း၊ အချွန်ထက်ပါသောသံချောင်းဧ။်ကိုယ်ထည်များ၌မူလီပေါက်များပါရှိသောကြောင့် ဘာသာရေး အသုံးအဆောင် မဖြစ်နိုင်ပါဘူးဟု ” တွဲစစ်မှူး(၃) ဦးငြိမ်းမြင့်ကြည်မှ လာရောက်လေ့လာသူများအား ရှင်းပြခဲ့သည်။

ဦးငြိမ်းမြင့်ကြည်မှ သံချောင်းပေါ်ရှိ မူလီစုပ်သည့် အပေါက်များကို ရှင်းလင်းပြောကြားနေစဉ်။

ဘူတာရေကန်တူးဖေါ်ရေးလုပ်ငန်းဆောင်ရွက်နေသူများသည် လုပ်ငန်းခွင်ဝင်ရောက်နေစဉ် အရက်သေစာသောက်စားခြင်း၊ နေည အနီးအနားရှိ အပင်များတွင် ငှက်များအား ပစ်ခတ်စားသောက်ခြင်း၊ အလုပ်လုပ်ကိုင်နေစဉ် မထီမဲ့မြင်ပြုမူဖြင်းများကြောင့် ….

တွေ့ရှိသော ပစ္စည်း (၃) မျိုး Photo – Crd