အခုေတာ့ စားပြဲထိုးေလးရဲ႕တကၠသိုလ္အိမ္မက္ေတြ တကယ္ျဖစ္လာခဲ့ပါၿပီ

မႏွစ္ကသတင္းဂ်ာနယ္တစ္ခုမွာေဖၚျပျခင္းခံခဲ့ရတဲ့ ဘဝတစ္ေလွ်ာက္လုံး လက္ဖက္ရည္ဆိုင္မွာအလုပ္လုပ္ရင္း ေက်ာင္းတက္႐ုန္းကန္ခဲ့တဲ့ကေလးကို အလႉရွင္ေတြက စစ္ကိုင္းၿမိဳ႕မွာရွိတဲ့ လင္းျမတ္ေဘာ္ဒါေဆာင္မွာ ေက်ာင္းအိပ္ေက်ာင္းစားေဘာ္ဒါထားေပးခဲ့တာ ဒီႏွစ္ဒီကေလးေအာင္သြားပါၿပီ။

ကူညီေပးခဲ့ၾကတဲ့အလႉရွင္အဖြဲ႕ သားသမီးရင္းမိသားစုရင္းလိုေစာင့္ေရွာက္ခဲ့ၾကတဲ့ ေ႐ႊၾကက္ယက္ ဖိုးလမင္းလက္ဖက္ရည္ဆိုင္ကအေမႀကီးတို႔မိသားစု ဒီကေလးကိုခ်စ္ခင္ၾကၿပီး ကေလးကိုဂ႐ုစိုက္သင္ေပးၾကတဲ့ လင္းျမတ္ေဘာ္ဒါကဆရာဆရာမမ်ား အားလုံးအတြက္ Congratulations ပါဗ်ာ။

ပရိတ္သတ္ႀကီးလဲ စာပြဲထိုးေလးအတြက္ ဝိုင္းဝန္းဂုဏ္ျပဳရင္း မေအာင္ျမင္တဲ့ကေလးေတြအတြက္ စိတ္ဓါတ္ခြန္အားရရွိေအာင္ မွ်ေဝေပးလိုက္ၾကပါဦးေနာ္။

ခရက္ဒစ္လြင္ဦး

Unicode Version

မနှစ်ကသတင်းဂျာနယ်တစ်ခုမှာဖေါ်ပြခြင်းခံခဲ့ရတဲ့ ဘဝတစ်လျှောက်လုံး လက်ဖက်ရည်ဆိုင်မှာအလုပ်လုပ်ရင်း ကျောင်းတက်ရုန်းကန်ခဲ့တဲ့ကလေးကို အလှူရှင်တွေက စစ်ကိုင်းမြို့မှာရှိတဲ့ လင်းမြတ်ဘော်ဒါဆောင်မှာ ကျောင်းအိပ်ကျောင်းစားဘော်ဒါထားပေးခဲ့တာ ဒီနှစ်ဒီကလေးအောင်သွားပါပြီ။

ကူညီပေးခဲ့ကြတဲ့အလှူရှင်အဖွဲ့ သားသမီးရင်းမိသားစုရင်းလိုစောင့်ရှောက်ခဲ့ကြတဲ့ ရွှေကြက်ယက် ဖိုးလမင်းလက်ဖက်ရည်ဆိုင်ကအမေကြီးတို့မိသားစု ဒီကလေးကိုချစ်ခင်ကြပြီး ကလေးကိုဂရုစိုက်သင်ပေးကြတဲ့ လင်းမြတ်ဘော်ဒါကဆရာဆရာမများ အားလုံးအတွက် Congratulations ပါဗျာ။

ပရိတ်သတ်ကြီးလဲ စာပွဲထိုးလေးအတွက် ဝိုင်းဝန်းဂုဏ်ပြုရင်း မအောင်မြင်တဲ့ကလေးတွေအတွက် စိတ်ဓါတ်ခွန်အားရရှိအောင် မျှဝေပေးလိုက်ကြပါဦးနော်။

ခရက်ဒစ်လွင်ဦး

Be the first to comment

Leave a Reply

Your email address will not be published.


*