အမ်ားျပည္သူစားသုံးရန္ မသင့္ေသာဆီမ်ားေတြ႕ရွိ ဖ်က္ဆီး

ျပည္သူတစ္ဦး၏သတင္းေပးမႈျဖင့္စားသံုးရန္မသင့္ေသာဆီမ်ားခ်က္လုပ္ေရာင္းခ်ေနျခင္းအား စစ္ေဆးေတြ႔ရွိရသျဖင့္ ဆီပိႆခ်ိန္၂၅၀၀ ေက်ာ္အားဖ်က္ဆီးပစ္

ပင္းတယၿမိဳ႕ေနျပည္သူတစ္ဦး၏အေၾကာင္းၾကားမႈအရလူေနရပ္ကြက္အတြင္းစားသုံးဆီမ်ားကိုက်ဳိခ်က္ဗူးသြပ္၍ေရာင္းခ်ေနသည့္အေနာက္ရပ္ကြက္ေန ဦးေဌးဝင္း ၏ ဆီခ်က္လုပ္ငန္းအား စစ္ေဆးကာစားသုံးသူအကာအကြယ္ေပးေရးေကာ္မတီရွမ္းျပည္နယ္စားသုံးသူအျငင္းပြားမႈေျဖရွင္း ေရးအဖြဲ႕ (၂/၂၀၁၈-၂၀၁၉)၏ဆုံးျဖတ္ခ်က္အတုိင္း အေရးယူခဲ႕သည္။

 

ဆံုးျဖတ္ခ်က္အရဦးေဌးဝင္းပုိင္ဆုိင္္သည့္စားဆီေပပါအျပာ(၁၇)လုံး၁၀ပိႆဝင္ ပုံးအဝါ (၅၄)လုံး စုစုေပါင္း ပိႆခ်ိန္ (၂၅၀၀)ေက်ာ္ အား(MITS)ဓာတ္ခြဲခန္းတြင္ဓါတ္ခြဲစမ္းသပ္ခဲ့ရာစားသုံးရန္မသင့္သည့္ဆီမ်ားျဖစ္ေၾကာင္းကိုရွင္းလင္းေျပာၾကားေပးခဲ့ျပီး ေျခာက္လအၾကာတြင္ စြြန္႔ပစ္ဖ်က္ဆီးခဲ့ေၾကာင္းသိရွိရပါသည္။

က်န္းမာေရးႏွင့္ညီညႊတ္မႈမရွိေသာစားသုံးဆီမ်ားကိုေစ်းကြက္အတြင္းေရာင္းခ်ေနမႈမ်ားကိုစဥ္ဆက္မျပတ္စစ္ေဆးအေရးယူေဆာင္ရြက္သြားမည္ျဖစ္ၿပီးစားသုံးသူျပည္သူမ်ား၏က်န္းမာေရးကိုထိခုိက္မႈုမရွိေစရန္ဦးစားေပးေဆာင္ရြက္လွ်က္ရွိေၾကာင္း၊ စားသုံးသူေရးရာ မွတာဝန္ရွိသူတစ္ဦးကေျပာၾကားခဲ့သည္။

ၾဆာၾကည္၊ သံလြင္ေသြးခ်င္း

Unicode Version

ပြည်သူတစ်ဦး၏သတင်းပေးမှုဖြင့်စားသုံးရန်မသင့်သောဆီများချက်လုပ်ရောင်းချနေခြင်းအား စစ်ဆေးတွေ့ရှိရသဖြင့် ဆီပိဿချိန်၂၅၀၀ ကျော်အားဖျက်ဆီးပစ်

ပင်းတယမြို့နေပြည်သူတစ်ဦး၏အကြောင်းကြားမှုအရလူနေရပ်ကွက်အတွင်းစားသုံးဆီများကိုကျိုချက်ဗူးသွပ်၍ရောင်းချနေသည့်အနောက်ရပ်ကွက်နေ ဦးဌေးဝင်း ၏ ဆီချက်လုပ်ငန်းအား စစ်ဆေးကာ
စားသုံးသူအကာအကွယ်ပေးရေးကော်မတီရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်း ရေးအဖွဲ့ (၂/၂၀၁၈-၂၀၁၉)၏ဆုံးဖြတ်ချက်အတိုင်း အရေးယူခဲ့သည်။

ဆုံးဖြတ်ချက်အရဦးဌေးဝင်းပိုင်ဆိုင်သည့်စားဆီပေပါအပြာ(၁၇)လုံး၁၀ပိဿဝင် ပုံးအဝါ (၅၄)လုံး စုစုပေါင်း ပိဿချိန် (၂၅၀၀)ကျော် အား(MITS)ဓာတ်ခွဲခန်းတွင်ဓါတ်ခွဲစမ်းသပ်ခဲ့ရာစားသုံးရန်မသင့်သည့်ဆီများဖြစ်ကြောင်းကိုရှင်းလင်းပြောကြားပေးခဲ့ပြီး ခြောက်လအကြာတွင် စွန့်ပစ်ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။

ကျန်းမာရေးနှင့်ညီညွှတ်မှုမရှိသောစားသုံးဆီများကိုဈေးကွက်အတွင်းရောင်းချနေမှုများကိုစဉ်ဆက်မပြတ်စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီးစားသုံးသူပြည်သူများ၏ကျန်းမာရေးကိုထိခိုက်မှုုမရှိစေရန်ဦးစားပေးဆောင်ရွက်လျှက်ရှိကြောင်း၊ စားသုံးသူရေးရာ မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ဆြာကြည်၊ သံလွင်သွေးချင်း

Be the first to comment

Leave a Reply

Your email address will not be published.


*