အေျဖမရွိတဲ့ ပုစၧာတစ္ပုဒ္ျဖစ္ေနတဲ့ ျမျမ ရဲ႕ ေလ့လာေတြ႔ရွိခ်က္

ျမျမရဲ႕ ေလ့လာေတြ႕ရွိခ်က္ (သို႔ ) အေျဖမရွိေသးတဲ့ ပုစၧာတစ္ပုဒ္

ျမျမဝိဥာဥ္ပူးၿပီး မုဒိန္းက်င့္ အသတ္ခံရတယ္ဆုိတဲ့ ကိစၥတခု က်ေနာ္ ထဲဝင္ေလ့လာစုံစမ္းခဲ့ပါတယ္။

ဒီလုိစုံစမ္းတဲ့အခါမွာ ေတြ႕ရွိေလ့လာသုံးသပ္ခ်က္ေတြ ေဖာ္ျပခ်င္တယ္။

ဒီျပသနာရဲ႕ အေျဖအစ ၃ခုရွိတယ္။

၁ ဝိဥာဥ္ပူးတာ။ ၂ လူေပ်ာက္တာ ၃။ အေလာင္း

၁။ ဝိဥာဥ္ပူးတာက က်ေနာ္တုိ႔ သဘာဝလြန္ျဖစ္ေနေတာ့ အတည္ယူလုိ႔ မရဘူး။

၃။ အေလာင္းကလည္း ဘယ္ေနရာမွာ ဘယ္လုိျမႇပ္ထားလဲ မသိႏုိင္အတြက္ အခ်ိန္တိုအတြင္း မေပၚႏုိင္ဘူး။

၂ ျဖစ္တဲ့ လူေပ်ာက္မႈ ရွိမရွိဟာ ယုတၱိက်တဲ့ ကိစၥျဖစ္လုိ႔ က်ေနာ္စုံစမ္းေလ့လာတယ္။ ေပ်ာက္တဲ့ မိန္းခေလး ရွိ မရွိ။

က်ေနာ္ ဝိဥာဥ္ပူးတာ မယုံသလုိ စက္ရုံဘက္ကုိ မယုံပါဘူး။ ထုိ႔အတူ ရဲေတြအပူတျပင္းရွာေဖြေနတယ္ ဆုိတဲ့ ကိစၥကုိ မယုံၾကည္ပါဘူး။ မယုံၾကည္မႈေတြနဲ႔ဘဲ ေလ့လာခဲ့တာပါ။

ဝိဥာဥ္ပူး မိန္းခေလးဟာ က်န္တာေတြ အကုန္ေျပာႏုိင္ၿပီး သူ႔အေလာင္းျမႇပ္ထားတဲ့ေနရာတခုကုိ အတိက် မေဖာ္ထုတ္ျပႏုိင္ဘူး။ သူ႔အားနည္းခ်က္ တခု။

စက္ရံုကလည္း လူေပ်ာက္တာ ရွိမရွိ စာရင္းဇယားကို က်ေနာ္ေတာင္းတာ မေပးႏုိင္ဘူး ျငင္းဆုိခဲ့တယ္။ အမွန္ဆုိ သတင္းစာ ရွင္းလင္းပြဲမွာ သူအဓိက ရွင္းရမွာ အဲဒီကိစၥလုိ႔ က်ေနာ္ ျမင္တယ္။

က်ေနာ့္ စက္ရုံမွာ ျမျမ ေခၚ သီတာေအးဆုိတဲ့ မိန္းခေလး မရွိပါဘူး။ မယုံရင္ က်ေနာ္တုိ႔ ဝန္ထမ္းေတြ ရုံတက္ ရုံးဆင္း စာရင္းကုိ ၾကည့္ႏုိင္ပါတယ္ ဆုိၿပီး မီဒီယာ ပြင့္လင္းခ်မျပခဲ့ဘူး။ သူ႔ရွင္းလင္းခ်က္မွာ အခ်က္လက္မပါဘူး။

က်ေနာ္ သတင္းစာရွင္းလင္းခ်ိန္ ဘာတခုမွ ထမေမးခဲ့ပါဘူး။ ေနာက္ဆုံးမွ Main Key ျဖစ္တ့ဲ ဝန္ထမ္းစာရင္း ေနာက္ဆုံးမွ ေတာင္းခဲ့တာပါ။ ေပးလုိ႔မရဘူး ေျဖခဲ့ပါတယ္။ ဒါကလည္း စက္ရုံ အခက္ခဲတခု ျမင္ပါတယ္။ သုိ႔ေပမဲ့ လူတေယာက္ အသတ္နဲ႔ ဆုိင္ေနတာျဖစ္တဲ့အတြက္ ေပါ့လုိ႔မျဖစ္ပါဘူး။

သတင္းစာရွင္းလင္းခဲ့ စက္ရုံ က်ေနာ္ေရာက္ခဲ့ခ်ိန္ အဲဒီက ဝန္ထမ္းမိန္းခေလးေတြ နီးစပ္ရာ စကားေျပာခဲ့ပါေသး တယ္။ အဲဒီမွာ ဘာကုိေတြ႕ရလဲဆုိေတာ့ စက္ရုံဝန္ထမ္း မိန္းခေလးေတြဟာ ဝန္ထမ္းအခ်င္းခ်င္း အလုပ္လုပ္ေနသူေတြ နံမည္ကုိေတာင္ မသိတဲ့သူမ်ားေနတယ္။ ဒါဟာ အားနည္းခ်က္တခု။

သတင္းစာ ရွင္းခဲ့ ကုိေဇာ္ေဇာ္ေအာင္ကုိ ၂၄ရက္ေန႔ ေမးခဲ့ခ်ိန္က ဝန္ထမ္းစုစုေပါင္း ၁၃၂၇ေယာက္ထဲက အမ်ိဳးသား ၇၁ဦး က်န္အမ်ိဳးသမီး စာရင္း ေျပာခဲ့တယ္။ သတင္းစာရွင္းေန႔က စက္ရုံရွိ စာရင္း ၁၃၂၇ဦး အမ်ိဳးသား ၇၈ဦး က်န္အမ်ိဳးသမီး စာရင္း ထပ္ေျပာခဲ့တယ္။

ဒီေနရာမွာ က်ေနာ့ေတြ႕ရွိခ်က္က ကုိေဇာ္ေဇာ္ေအာင္ ဝန္ထမ္းစာရင္း အမ်ိဳးသား လူ၇ဦးကြာဟေန အားနည္းခ်က္ကုိ ေတြ႕ရွိရတယ္။ ဒီအတြက္ေၾကာင့္ က်ေနာ္ ဧၿပီလ မတုိင္ခင္က ဝန္ထမ္းစာရင္းနဲ႔ ဧၿပီလကုန္က ဝန္ထမ္းစာရင္း တရားဝင္ ေတာင္းဆုိခဲ့တယ္။ စက္ရုံ ျငင္းဆုိခဲ့တယ္။

အလုပ္သမားဌာန ေတာင္းၾကည့္ ရေပမဲ့ စာရင္းအမွန္ကန္ မရႏုိင္သလုိ တလအတြင္း ရုံးတက္ ရုံးဆင္း စာရင္းကုိ က်ေနာ္တုိ႔ ရႏုိင္မွာ မဟုတ္ဘူး။ စာရင္းဇယားမေပးတာ ကုမၸဏီအျပစ္ေျပာလုိ႔ မရေပမဲ့ သူတုိ႔သာ ပူးေပါင္း ကူညီေပးရင္ ေတာ္ေတာ္ေကာင္းမယ္ ျမင္မိတယ္။

က်ေနာ္ ကုမၸဏီစီးပြားေရးနဲ႔ ပတ္သက္တဲ့ ေရွ႕ေန တစ္ေယာက္ကုိ တုိင္ပင္ၾကည့္တဲ့အခါ ဥပေဒအရ မီဒီယာသမားတေယာက္ဟာ အမ်ားအက်ိဳးရွိဖုိ႔ ေဖာ္ျပလုိကိစၥျဖစ္ေနတဲ့အတြက္ ေတာင္းယူၾကည့္ခြင့္ရွိတယ္ ဆုိပါတယ္။ တခုရွိတာ ကုမၸဏီကုိ ရည္ရြယ္တုိက္ခုိက္တာမ်ိဳး မျဖစ္ဖုိ႔ လုိတယ္ ဆုိတယ္။ ဆိုလိုတာကေတာ့ စက္ရုံကုိ ဥပေဒအရလည္း ေတာင္းယူၾကည့္ခြင့္ရွိတယ္ေပါ့။

က်ေနာ့္အျမင္မွာ ျမျမ ကိစၥဟာ ဒီစက္ရုံရဲ႕ တာဝန္ တခုမွ မရွိဘူး ျမင္ပါတယ္။ စက္ရုံပိတ္ခ်ိန္ ျဖစ္သြားတာမုိ႔ စက္ရုံတာဝန္မရွိပါ။

ပူးတဲ့သူ ေျပာၾကားခ်က္မွာ ဒီစက္ရုံ သိကၡာက်ေအာင္ ေျပာဆုိခဲ့တာ တခုမွ က်ေနာ္ မျမင္ဘူး။ အဓိက သူ႔ဆီမွာ အလုပ္လုပ္ေနသူ ထြက္ဆုိခဲ့တာ။ ဒါကုိ ဝိဥာဥ္ပူးေျပာသူကုိ ဘယ္ပုဒ္မနဲ႔ တရားစြဲမလဲ က်ေနာ္ မေျပာတတ္။

တခုရွိတာ အဲေန႔ေျပာဆုိခ်က္ေတြကုိ ကာယကံရွင္ မိန္းခေလး သိကၡာပုိင္းဆုိင္ရာေတြ ထိခုိက္တာေတြ ပါေနတဲ့အတြက္ ဟုိတဖက္က တရားစြဲဆုိရင္ ျပန္ခံရႏုိင္ေသးတယ္။ ဒါကေတာ့ ကာယကံရွင္ အပုိင္းပါ။

ရဲအပုိင္းမွာလည္း ရွင္းခ်က္ထုတ္ျပန္ေပးဖုိ႔ လုိတယ္ ျမင္တယ္။ ရဲေတြ ဒီကိစၥကုိ ဘယ္လုိလုပ္ခဲ့တယ္ ဘယ္လုိရွာေဖြစြမ္းေဆာင္ခဲ့တယ္ ဘာေတြ ေတြ႕ရွိခဲ့တယ္ဆုိတဲ့ အခ်က္လက္ေတြ ရဲဘက္က ထုတ္ျပန္သင့္ပါတယ္။

စက္ရုံက ကုိေဇာ္ေဇာ္ေအာင္ဟာ ရဲဘက္က ထုတ္ျပန္ရမဲ့ ကိစၥေတြကုိပါ ေဘာင္ေက်ာ္ၿပီး ေျပာဆုိရွင္းခ့ဲတယ္။ ဒါဟာ မျဖစ္သင့္ပါဘူး။ ကုိေဇာ္ေဇာ္ေအာင္ စိတ္ရင္းေစတနာေကာင္းနိင္ေပမဲ့ စိတ္ဆႏၵေတြ ေလာၿပီး မဆုိင္တာေတြ ကြ်ံဝင္ကုန္တယ္ ျမင္မိတယ္။

လက္ရွိအေနထားထိ လူေပ်ာက္တာ မရွိေသးသေရြ႕ ေသသြားတယ္ဆုိတဲ့ အေလာင္းရွာေဖြ မေတြ႕ရွိေသးသေရြ႕ေတာ့ ျမျမ ဝိဥာဥ္ပူး အသတ္ခံရတယ္ဆုိတ့ဲ ကိစၥဟာ အေျဖမရွိေသးတဲ့ ပုစၧာတစ္ပုဒ္လုိ ျဖစ္ေနအုံးမွာပါ။

ခ်စ္ခင္ေလးစားလၽွက္

မန္းသားေလး

 

Unicode Version ျဖင့္ဖတ္ရန္

 

မြမြရဲ့ လေ့လာတွေ့ရှိချက် (သို့ ) အဖြေမရှိသေးတဲ့ ပုစ္ဆာတစ်ပုဒ်

မြမြဝိဉာဉ်ပူးပြီး မုဒိန်းကျင့် အသတ်ခံရတယ်ဆိုတဲ့ ကိစ္စတခု ကျနော် ထဲဝင်လေ့လာစုံစမ်းခဲ့ပါတယ်။

ဒီလိုစုံစမ်းတဲ့အခါမှာ တွေ့ရှိလေ့လာသုံးသပ်ချက်တွေ ဖော်ပြချင်တယ်။

ဒီပြသနာရဲ့ အဖြေအစ ၃ခုရှိတယ်။

၁ ဝိဉာဉ်ပူးတာ။ ၂ လူပျောက်တာ ၃။ အလောင်း

၁။ ဝိဉာဉ်ပူးတာက ကျနော်တို့ သဘာဝလွန်ဖြစ်နေတော့ အတည်ယူလို့ မရဘူး။

၃။ အလောင်းကလည်း ဘယ်နေရာမှာ ဘယ်လိုမြှပ်ထားလဲ မသိနိုင်အတွက် အချိန်တိုအတွင်း မပေါ်နိုင်ဘူး။

၂ ဖြစ်တဲ့ လူပျောက်မှု ရှိမရှိဟာ ယုတ္တိကျတဲ့ ကိစ္စဖြစ်လို့ ကျနော်စုံစမ်းလေ့လာတယ်။ ပျောက်တဲ့ မိန်းခလေး ရှိ မရှိ။

ကျနော် ဝိဉာဉ်ပူးတာ မယုံသလို စက်ရုံဘက်ကို မယုံပါဘူး။ ထို့အတူ ရဲတွေအပူတပြင်းရှာဖွေနေတယ် ဆိုတဲ့ ကိစ္စကို မယုံကြည်ပါဘူး။ မယုံကြည်မှုတွေနဲ့ဘဲ လေ့လာခဲ့တာပါ။

ဝိဉာဉ်ပူး မိန်းခလေးဟာ ကျန်တာတွေ အကုန်ပြောနိုင်ပြီး သူ့အလောင်းမြှပ်ထားတဲ့နေရာတခုကို အတိကျ မဖော်ထုတ်ပြနိုင်ဘူး။ သူ့အားနည်းချက် တခု။

စက်ရုံကလည်း လူပျောက်တာ ရှိမရှိ စာရင်းဇယားကို ကျနော်တောင်းတာ မပေးနိုင်ဘူး ငြင်းဆိုခဲ့တယ်။ အမှန်ဆို သတင်းစာ ရှင်းလင်းပွဲမှာ သူအဓိက ရှင်းရမှာ အဲဒီကိစ္စလို့ ကျနော် မြင်တယ်။

ကျနော့် စက်ရုံမှာ မြမြ ခေါ် သီတာအေးဆိုတဲ့ မိန်းခလေး မရှိပါဘူး။ မယုံရင် ကျနော်တို့ ဝန်ထမ်းတွေ ရုံတက် ရုံးဆင်း စာရင်းကို ကြည့်နိုင်ပါတယ် ဆိုပြီး မီဒီယာ ပွင့်လင်းချမပြခဲ့ဘူး။ သူ့ရှင်းလင်းချက်မှာ အချက်လက်မပါဘူး။

ကျနော် သတင်းစာရှင်းလင်းချိန် ဘာတခုမှ ထမမေးခဲ့ပါဘူး။ နောက်ဆုံးမှ Main Key ဖြစ်တဲ့ ဝန်ထမ်းစာရင်း နောက်ဆုံးမှ တောင်းခဲ့တာပါ။ ပေးလို့မရဘူး ဖြေခဲ့ပါတယ်။ ဒါကလည်း စက်ရုံ အခက်ခဲတခု မြင်ပါတယ်။ သို့ပေမဲ့ လူတယောက် အသတ်နဲ့ ဆိုင်နေတာဖြစ်တဲ့အတွက် ပေါ့လို့မဖြစ်ပါဘူး။

သတင်းစာရှင်းလင်းခဲ့ စက်ရုံ ကျနော်ရောက်ခဲ့ချိန် အဲဒီက ဝန်ထမ်းမိန်းခလေးတွေ နီးစပ်ရာ စကားပြောခဲ့ပါသေး တယ်။ အဲဒီမှာ ဘာကိုတွေ့ရလဲဆိုတော့ စက်ရုံဝန်ထမ်း မိန်းခလေးတွေဟာ ဝန်ထမ်းအချင်းချင်း အလုပ်လုပ်နေသူတွေ နံမည်ကိုတောင် မသိတဲ့သူများနေတယ်။ ဒါဟာ အားနည်းချက်တခု။

သတင်းစာ ရှင်းခဲ့ ကိုဇော်ဇော်အောင်ကို ၂၄ရက်နေ့ မေးခဲ့ချိန်က ဝန်ထမ်းစုစုပေါင်း ၁၃၂၇ယောက်ထဲက အမျိုးသား ရ၁ဦး ကျန်အမျိုးသမီး စာရင်း ပြောခဲ့တယ်။ သတင်းစာရှင်းနေ့က စက်ရုံရှိ စာရင်း ၁၃၂၇ဦး အမျိုးသား ရ၈ဦး ကျန်အမျိုးသမီး စာရင်း ထပ်ပြောခဲ့တယ်။

ဒီနေရာမှာ ကျနော့တွေ့ရှိချက်က ကိုဇော်ဇော်အောင် ဝန်ထမ်းစာရင်း အမျိုးသား လူရဦးကွာဟနေ အားနည်းချက်ကို တွေ့ရှိရတယ်။ ဒီအတွက်ကြောင့် ကျနော် ဧပြီလ မတိုင်ခင်က ဝန်ထမ်းစာရင်းနဲ့ ဧပြီလကုန်က ဝန်ထမ်းစာရင်း တရားဝင် တောင်းဆိုခဲ့တယ်။ စက်ရုံ ငြင်းဆိုခဲ့တယ်။

အလုပ်သမားဌာန တောင်းကြည့် ရပေမဲ့ စာရင်းအမှန်ကန် မရနိုင်သလို တလအတွင်း ရုံးတက် ရုံးဆင်း စာရင်းကို ကျနော်တို့ ရနိုင်မှာ မဟုတ်ဘူး။ စာရင်းဇယားမပေးတာ ကုမ္ပဏီအပြစ်ပြောလို့ မရပေမဲ့ သူတို့သာ ပူးပေါင်း ကူညီပေးရင် တော်တော်ကောင်းမယ် မြင်မိတယ်။

ကျနော် ကုမ္ပဏီစီးပွားရေးနဲ့ ပတ်သက်တဲ့ ရှေ့နေ တစ်ယောက်ကို တိုင်ပင်ကြည့်တဲ့အခါ ဥပဒေအရ မီဒီယာသမားတယောက်ဟာ အများအကျိုးရှိဖို့ ဖော်ပြလိုကိစ္စဖြစ်နေတဲ့အတွက် တောင်းယူကြည့်ခွင့်ရှိတယ် ဆိုပါတယ်။ တခုရှိတာ ကုမ္ပဏီကို ရည်ရွယ်တိုက်ခိုက်တာမျိုး မဖြစ်ဖို့ လိုတယ် ဆိုတယ်။ ဆိုလိုတာကတော့ စက်ရုံကို ဥပဒေအရလည်း တောင်းယူကြည့်ခွင့်ရှိတယ်ပေါ့။

ကျနော့်အမြင်မှာ မြမြ ကိစ္စဟာ ဒီစက်ရုံရဲ့ တာဝန် တခုမှ မရှိဘူး မြင်ပါတယ်။ စက်ရုံပိတ်ချိန် ဖြစ်သွားတာမို့ စက်ရုံတာဝန်မရှိပါ။

ပူးတဲ့သူ ပြောကြားချက်မှာ ဒီစက်ရုံ သိက္ခာကျအောင် ပြောဆိုခဲ့တာ တခုမှ ကျနော် မမြင်ဘူး။ အဓိက သူ့ဆီမှာ အလုပ်လုပ်နေသူ ထွက်ဆိုခဲ့တာ။ ဒါကို ဝိဉာဉ်ပူးပြောသူကို ဘယ်ပုဒ်မနဲ့ တရားစွဲမလဲ ကျနော် မပြောတတ်။

တခုရှိတာ အဲနေ့ပြောဆိုချက်တွေကို ကာယကံရှင် မိန်းခလေး သိက္ခာပိုင်းဆိုင်ရာတွေ ထိခိုက်တာတွေ ပါနေတဲ့အတွက် ဟိုတဖက်က တရားစွဲဆိုရင် ပြန်ခံရနိုင်သေးတယ်။ ဒါကတော့ ကာယကံရှင် အပိုင်းပါ။

ရဲအပိုင်းမှာလည်း ရှင်းချက်ထုတ်ပြန်ပေးဖို့ လိုတယ် မြင်တယ်။ ရဲတွေ ဒီကိစ္စကို ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရှာဖွေစွမ်းဆောင်ခဲ့တယ် ဘာတွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ အချက်လက်တွေ ရဲဘက်က ထုတ်ပြန်သင့်ပါတယ်။

စက်ရုံက ကိုဇော်ဇော်အောင်ဟာ ရဲဘက်က ထုတ်ပြန်ရမဲ့ ကိစ္စတွေကိုပါ ဘောင်ကျော်ပြီး ပြောဆိုရှင်းခဲ့တယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ ကိုဇော်ဇော်အောင် စိတ်ရင်းစေတနာကောင်းနိင်ပေမဲ့ စိတ်ဆန္ဒတွေ လောပြီး မဆိုင်တာတွေ ကျွံဝင်ကုန်တယ် မြင်မိတယ်။

လက်ရှိအနေထားထိ လူပျောက်တာ မရှိသေးသရွေ့ သေသွားတယ်ဆိုတဲ့ အလောင်းရှာဖွေ မတွေ့ရှိသေးသရွေ့တော့ မြမြ ဝိဉာဉ်ပူး အသတ်ခံရတယ်ဆိုတဲ့ ကိစ္စဟာ အဖြေမရှိသေးတဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေအုံးမှာပါ။

ချစ်ခင်လေးစားလျှက်

မန်းသားလေး

Be the first to comment

Leave a Reply

Your email address will not be published.


*