ေပါက္ၿမိဳ့နယ္၌ ေမာ္ေတာ္ယာဥ္တစ္စီးတိမ္းေမွာက္မွု ျဖစ္ပြား

ေပါက္ ဇူလိုင္ ၂၁

ေပါက္ၿမိဳ့နယ္ ပေလာင္း ေက်းရြာအုပ္စု ေက်ာက္တံခါး ေက်းရြာအေနာက္ဘက္တစ္ မိုင္ခန႔္အကြာတြင္ ဇူလိုင္ ၂၀ ရက္ ညေန ၄ နာရီက ဝါးမ်ားတင္ေဆာင္လာေသာ ေမာ္ ေတာ္ယာဥ္တစ္စီးတိမ္းေမွာက္ မွုျဖစ္ပြားေၾကာင္း သိရသည္။

သတင္းအရ ပေလာင္းေက်းရြာအုပ္ခ်ဳပ္ေရးမွူး ဦးျမင့္လြင္ ေအာင္ေတာ္မူရပ္ကြက္ ရာအိမ္မွူး ဦးေအာင္ေဌးျမင့္တို့က အခင္းျဖစ္ေနရာသို့သြားေရာက္ စစ္ေဆးခဲ့ရာ ေက်ာက္ထုမွ ေပါက္ဘက္သို့ ယာဥ္ေမာင္း ေအာင္ကိုမင္း (၃၃ ႏွစ္) ၿမိဳင္ၿမိဳ့နယ္ ေညာင္တုန္းေက်းရြာ ေနသူ တစ္ဦးထဲေမာင္းႏွင္လာၿပီး ဝါး အလုံး ၁၅၀၀ တင္ေဆာင္ လာေသာ (၆)ဘီးေမာ္ေတာ္ယာဥ္တစ္စီး မိုင္တိုင္ ၆၂/၀ ႏွင့္ ၆၂/၁ ၾကားတြင္ ကားဘရိတ္ ေပါက္ကာအရွိန္မထိန္းနိုင္ဘဲ လမ္း၏ညာဘက္ေပ(၅၀)ခန႔္ရွိေခ်ာက္ထဲျပဳတ္က်တိမ္း ေမွာက္ခဲ့ရာ ယာဥ္ေမာင္းမွာ ဒဏ္ရာအနည္းငယ္ရရွိ၍ ယာဥ္အားမဆင္မျခင္ေမာင္း ႏွင္သူအားေပါက္ၿမိဳ့မရဲစခန္းက အမွုဖြင့္အေရးယူထားေၾကာင္း သိရသည္။ ဉာဏ္တိုး(ေပါက္)

 

Unicode Version ျဖင့္ဖတ္ရန္

 

ပေါက် ဇူလိုင် ၂၁

ပေါက်မြို့နယ် ပလောင်း ကျေးရွာအုပ်စု ကျောက်တံခါး ကျေးရွာအနောက်ဘက်တစ် မိုင်ခန့်အကွာတွင် ဇူလိုင် ၂၀ ရက် ညနေ ၄ နာရီက ဝါးများတင်ဆောင်လာသော မော် တော်ယာဉ်တစ်စီးတိမ်းမှောက် မှုဖြစ်ပွားကြောင်း သိရသည်။

သတင်းအရ ပလောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင် အောင်တော်မူရပ်ကွက် ရာအိမ်မှူး ဦးအောင်ဌေးမြင့်တို့က အခင်းဖြစ်နေရာသို့သွားရောက် စစ်ဆေးခဲ့ရာ ကျောက်ထုမှ ပေါက်ဘက်သို့ ယာဉ်မောင်း အောင်ကိုမင်း (၃၃ နှစ်) မြိုင်မြို့နယ် ညောင်တုန်းကျေးရွာ နေသူ တစ်ဦးထဲမောင်းနှင်လာပြီး ဝါး အလုံး ၁၅၀၀ တင်ဆောင် လာသော (၆)ဘီးမော်တော်ယာဉ်တစ်စီး မိုင်တိုင် ၆၂/၀ နှင့် ၆၂/၁ ကြားတွင် ကားဘရိတ် ပေါက်ကာအရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ပေ(၅၀)ခန့်ရှိချောက်ထဲပြုတ်ကျတိမ်း မှောက်ခဲ့ရာ ယာဉ်မောင်းမှာ ဒဏ်ရာအနည်းငယ်ရရှိ၍ ယာဉ်အားမဆင်မခြင်မောင်း နှင်သူအားပေါက်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဉာဏ်တိုး(ပေါက်)