ရွှေတိဂုံစေတီတော်၌ တရုတ်နိုင်ငံသား ၁ ဦးမှ Drone ယာဉ် ၁ စင်း လွှတ်တင်မှု ဖြစ်ပွားခဲ့
Unicode Version ဖြင့်ဖတ်ရန်
ရွှေတိဂုံစေတီတော်၌ တရုတ်နိုင်ငံသား ၁ ဦးမှ Drone ယာဉ် ၁ စင်း လွှတ်တင်မှု ယမန်နေ့က ဖြစ်ပွားခဲ့ ကြောင်း သတင်း ထုတ်ပြန် ထားပါတယ်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ၁၀၀၀ အချိန် ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော် လုံခြုံရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် စေတီတော် လုံခြုံရေး တာဝန်ကျ ဦးတင်အောင်မိုး တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ သည်
ရွှေတိဂုံ စေတီတော် အရှေ့ဘက် ဓါတ်လှေကား ထိပ်၌ DJL Mavic Air အမျိုး အစား Drone ယာဉ် ၁ စင်း လွှတ်တင် နေသော တရုတ်နိုင်ငံ သား Wu Ru (၃၀)နှစ် အား တွေ့ရှိ သဖြင့်Drone ယာဉ် ၁ စင်း၊ မန်မိုရီ စတစ် 64 GB ၁ ခု၊ Battery ၂ ခု၊ ရီမု ၁ ခု တို့အား သိမ်းဆည်း ခဲ့ပြီး ၎င်းအား ခေါ်ယူ မေးမြန်းခဲ့ရာ
စေတီတော်သို့ ဘုရားလာဖူး စဉ် Drone ယာဉ်ဖြင့် အပျော်တမ်း မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခြင်း ဖြစ်ကြောင်း သိရှိရ၍ အလားတူ နောက်နောင် ထပ်မံ မပြုလုပ်ရန် ရှင်းလင်း ပြောကြားပြီးနောက် ပြန်လည် စေလွှတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source – ပြည်ထဲရေး
Be the first to comment
Leave a Reply
Your email address will not be published.
*