ရဲဝန်ထမ်းနှစ်ဦးကိုဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတဲ့လူရမ်းကားများ
2019-05-16 Nay Win 0
ဇမ္ဗူသီရိမြို့နယ်တွင်အုပ်စုဖွဲ့၍ ရိုက်နှက်ပစ္စည်းလုယူသူများအားဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်မေ၁၄ ပြည်ထောင်စုနယ်မြေနေပြည်တော်ဇမ္ဗူသီရိမြို့နယ်တွင်အုပ်စုဖွဲ့၍ ရိုက်နှက်ပစ္စည်းလုယက်သူများအားရဲတပ်ဖွဲ့မှဖော်ထုတ်ဖမ်းဆီးရမိကြောင်းသိရသည်။ ဖြစ်စဉ်မှာမေ၁၀ရက်ည၁၀ နာရီကနေပြည်တော်ဇမ္ဗူသီရိမြို့နယ်ပျဉ်းမနား–တောင်ညို လမ်းမကြီး၏ပရဆေးဥယျာဉ်ရှေ့ ကန်ပေါင်လမ်းဘေးရှိကျန်းမာရေးအားကစားပြုလုပ်သည့်နေရာ၌လွှတ်တော်တွင်တာဝန် ထမ်းဆောင်နေသည့်ရဲတပ်သား အောင်ပိုင်စိုးနှင်စည်သူကိုဝင်းတို့သည်ဆိုင်ကယ်ဖြင့်အားကစားပြုလုပ်နေစဉ်လူငါးဦးရောက်ရှိလာပြီးထိုလူငါးဦးထဲမှတစ်ဦးကပရဆေးဥယျာဉ်အတွင်းရှိသူ၏နေအိမ်သို့လိုက်ပို့ပါရန် အကူအညီတောင်းသဖြင့်ရဲတပ်သားအောင်ပိုင်စိုးနှင့်စည်သူကိုဝင်းတို့နှစ်ဦးကထိုသူအား ဆိုင်ကယ်ဖြင့်တင်ဆောင်ကာ ပရဆေးဥယျာဉ်အတွင်းရှိ ၎င်း၏နေအိမ်သို့လိုက်ပို့ပေးခဲ့သည် ထို့နောက်ကျန်လေးဦးသည်ဆိုင်ကယ်နှစ်စီးဖြင့်နောက်မှရောက်လာပြီးပရဆေးဥယျာဉ် ၏ အတွင်းကျသော ပတ်လမ်းတစ်နေရာအရောက်တွင်ဆိုင်ကယ်ကိုရပ်တန့်ခိုင်းပြီးနောက်မှလိုက်ပါလာသောလူလေးဦး အပါအဝင်ပေါင်းငါးဦးကဝိုင်းဝန်း ထိုးကြိတ်၍အသင့်ပါလာသောဓားဖြင့်ထိုးသဖြင့်ရဲတပ်သားအောင်ပိုင်စိုးနှင့်ရဲတပ်သားစည်သူကိုဝင်းတို့တွင်ဒဏ်ရာအသီးသီးရရှိပြီးနေပြည်(၁၀၀၀)ဆေးရုံကြီးသို့တင်ပို့ကုသခဲ့ရသည်။အခင်းဖြစ်နေရာတွင်ရဲတပ်သားစည်သူကိုဝင်း၏ATMကတ်နှင့် ဖုန်းတစ်လုံးတို့အားလုယက် ယူဆောင်သွားခဲသည်။ ထိုကဲ့သို့ပရဆေးဥယျာဉ်အတွင်းရိုက်နှက်မှုဖြစ်ပွားကြောင်း အမှတ်(၄)ရဲကင်းစခန်း၌တာဝန်မှူးဆောင်ရွက်နေသည့်ဒုရဲအုပ်အောင်သူလှိုင်ကသတင်းရရှိ၍ခုတင်(၁၀၀၀)ဆေးရုံသို့ […]
မိုးတွေရွာပြီးလို့ ဖလပ်ဖလပ်အသံကြားလို့ ထွက်ကြည့်တဲ့အခါ
2019-05-16 Nay Win 0
ထန်းရည်မှ အချိုမှုန့်အစားထိုး ဟင်းခတ်ပစ္စည်းအဖြစ်ထုတ်လုပ်ရောင်းချမည်
2019-05-10 Daily Maung 0
မေ ၉၊ နိုင်လင်းဦး မြန်မာနိုင်ငံတွင် ထန်းရည်မှချက်လုပ်ရရှိသည့် အနှစ်အား အချိုမှုန့် အစားထိုးဟင်းခတ်ပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချရန်ဆောင်ရွက်နေကြောင်း ထန်းချစ်သူများအသင်း က သိရသည် ။ ထိုသို့ ဟင်းခတ်မှုန့်ထုတ်ရာတွင် ထန့်လျှက် နံ့မထွက်စေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ငန်းမှတ်ပုံတင်ပြုလုပ်၍ ဖြန့်မည်ဖြစ်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်ပါ ဆက်လက်ရယူသွားမည်ဖြစ်ကြောင်း သိရသည် […]
အများပြည်သူစားသုံးရန် မသင့်သောဆီများတွေ့ရှိ ဖျက်ဆီး
2019-05-08 Daily Maung 0
ပြည်သူတစ်ဦး၏သတင်းပေးမှုဖြင့်စားသုံးရန်မသင့်သောဆီများချက်လုပ်ရောင်းချနေခြင်းအား စစ်ဆေးတွေ့ရှိရသဖြင့် ဆီပိဿချိန်၂၅၀၀ ကျော်အားဖျက်ဆီးပစ် ပင်းတယမြို့နေပြည်သူတစ်ဦး၏အကြောင်းကြားမှုအရလူနေရပ်ကွက်အတွင်းစားသုံးဆီများကိုကျိုချက်ဗူးသွပ်၍ရောင်းချနေသည့်အနောက်ရပ်ကွက်နေ ဦးဌေးဝင်း ၏ ဆီချက်လုပ်ငန်းအား စစ်ဆေးကာစားသုံးသူအကာအကွယ်ပေးရေးကော်မတီရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်း ရေးအဖွဲ့ (၂/၂၀၁၈-၂၀၁၉)၏ဆုံးဖြတ်ချက်အတိုင်း အရေးယူခဲ့သည်။   ဆုံးဖြတ်ချက်အရဦးဌေးဝင်းပိုင်ဆိုင်သည့်စားဆီပေပါအပြာ(၁၇)လုံး၁၀ပိဿဝင် ပုံးအဝါ (၅၄)လုံး စုစုပေါင်း ပိဿချိန် (၂၅၀၀)ကျော် အား(MITS)ဓာတ်ခွဲခန်းတွင်ဓါတ်ခွဲစမ်းသပ်ခဲ့ရာစားသုံးရန်မသင့်သည့်ဆီများဖြစ်ကြောင်းကိုရှင်းလင်းပြောကြားပေးခဲ့ပြီး ခြောက်လအကြာတွင် စွန့်ပစ်ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။ ကျန်းမာရေးနှင့်ညီညွှတ်မှုမရှိသောစားသုံးဆီများကိုဈေးကွက်အတွင်းရောင်းချနေမှုများကိုစဉ်ဆက်မပြတ်စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီးစားသုံးသူပြည်သူများ၏ကျန်းမာရေးကိုထိခိုက်မှုမရှိစေရန်ဦးစားပေးဆောင်ရွက်လျှက်ရှိကြောင်း၊ စားသုံးသူရေးရာ မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ […]
ဆရာမင်းသိင်္ခ၏ ခုနှစ်ရက်သားသမီးတစ်ပတ်စာ အခမဲ့ ဟောစာတမ်း (7.5. 2019 မှ 13.5. 2019 ထိ)
2019-05-06 Daily Maung 0
မိမိ တပတ်စာ ကံကြမ္မာကို သိရှိနိုင်ဖို့ အတွက် ဆရာကြီး မင်းသိင်္ခ ဗေဒင်ကို ဖတ်ရှု နိုင်ပါတယ်. ဗေဒင် ဟောကိန်းများတွင် ပါဝင်သော အကြောင်းအရာ များသည် ဆရာကြီး မင်းသိင်္ခရဲ့ ဗေဒင်ပညာ အတိုင်း တွက်ချက် ထားခြင်း ဖြစ်ပါသည်။ မင်းသိင်္ခ ဗေဒင်တွင် ၇ […]
လေးလောင်းပြိုင်လူသတ်မှုတရားခံ ရုတ်တရက် သေဆုံးရတဲ့ အကြောင်း
2019-05-04 Daily Maung 0
တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှု၏ အဓိက တရားခံအဖြစ်စစ်ဆေးဖမ်းဆီးခံထားရသော ဦးတင်အုန်းသည် မေလ၄ရက်နေ့လည် ၁၂နာရီခန့်က ကျန်းမာရေးအခြေအနေကြောင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှသိရသည်။ ” ကျန်းမာရေးက သူ့မှာ ဆီးချို ရှိတယ်။ ဂေါက်ရှိတယ်လို့သိရတယ်။ အချုပ်မှာ ကျန်းမာရေးဖောက်လာလို့ ဆေးရုံပို့တာ ဆေးရုံရောက်ချိန်မှာ သေဆုံးတယ်လို့ပဲသိရသေးတယ်။ အသေးစိတ်ကို ညနေလောက်မှထုတ်ပြန်ပါလိမ့်မယ်” […]
သထုံမြို့ ဘူတာရေကန်တူးရာမှ ရှေးဟောင်းလှံများတွေ့လို့ ယူကြရာ ဆိုင်ရာများက ဝိညာဉ်ပူးပြီး ပြန်ထားခိုင်းတဲ့ဖြစ်ရပ်
2019-05-03 Daily Maung 0
သထုံမြို့ ဘူတာရေကန်တူးရာမှ ရှေးဟောင်းလှံများတွေ့လို့ ယူကြရာ ဝိညာဉ်ပူးပြီး ပြန်ထားခိုင်းတဲ့ဖြစ်ရပ် 3-5-2019 သထုံမြို့ ဘူတာရေကန်တူးဖေါ်နေစဉ် ၀ိဥာည်ပူးကပ်မှုများရှိနေ မင်းနန္ဒ၊ သမိန်ဗြတ်စ မွန်ပြည်နယ်အစိုးရအဖွဲ့ဘတ်ဂျက်ရံပုံငွေဖြင့် တူးဖေါ်ဆောင်ရွက်နေသောလုပ်ငန်းခွင်အတွင်း ၀ိဥာည်ပူးကပ်မှုများ ဖြစ်ပွားခဲ့ကြောင်း မေလ (၂) ရက်နေ့ နံနက်ပိုင်းက အဆိုပါလုပ်ငန်းခွင်အတွင်း တာဝန်ရှိသူတစ်ဦးက လူထုကလောင်သို့ပြောကြားသည်။ လှံတံပုံသဏ္ဍန်(၆)ပေခန့်ရှိသံချောင်း “ […]
လွန်ဆွဲလို့လား မုန်တိုင်းကြောင့်လား မန္တလေးမှာ မိုးရွာသွန်း
2019-05-03 Daily Maung 0
မန္တလေးမြို့၊ ၈၁ လမ်း၊ ၂၁-၂၂လမ်းကြားရှိ၊ ဘုရားနီဘုရား၊ ဗောင်းတော်ကျ စေတီ ရှေ့တွင် ယနေ့ ညနေ ၅ နာရီ ခန့်က ရပ်ကွက်လူထု မှ ပူးပေါင်း၍ မြန်မာရိုးရာမိုးခေါ် လွန်ဆွဲပွဲ တော် အား ကျင်းပခဲ့သည်။ photo ပြည့်​စုံအောင်​(မီးစက်​ကြီး) လွန်ဆွဲခြင်းသည် အားသန်စေခြင်း၊ […]
ကျူး​ကျော်​​တွေအတွက်​ မြေနေရာအခမဲ့ပေးရန် ရန်ကုန်တိုင်းအစိုးရ စတင်​ဆောင်​ရွက်
2019-05-03 Daily Maung 0
ကျူး​ကျော်​​တွေအတွက်​ မြေနေရာအခမဲ့ပေးရန် ရန်ကုန်တိုင်းအစိုးရက စတင်​ဆောင်​ရွက်​​နေပြီဖြစ်​တယ်​လို့ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက​ သိရပါတယ်​။ အဆိုပါအစီအစဉ်​ကို လှိုင်သာယာမြို့နယ်မှာ စတင်အကောင်အထည်ဖော်မှာဖြစ်​ပြီး၊ အဲဒီ စီမံကိန်းကို ၆ လအတွင်း အပြီးဆောင်ရွက်မှာဖြစ်ကာ ရန်ကုန်တိုင်းရှိမြို့နယ်​၆ခုမှာ အကောင်းအထည်ဖော်သွားမှာဖြစ်​တယ်​လို့ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်​။ “အစိုးရအနေနဲ့သူတို့လိုအပ်​တဲ့ မီးတို့ ရေတို့ လမ်းတို့ကို ဖန်တီးပေးသွားမယ့် […]
သင့်အိမ်မှာ စက်ရေတွင်း တူးမယ်ဆိုရင် ရေရှိ မရှိ ၊ရေနည်း /များ၊ ရေချိုရေငန် ခွဲခြားသိနိုင်မယ့် နည်းလမ်းများ.
2019-05-02 Daily Maung 0
စက်​​ရေတွင်းတူရာ၌ ​ရေ-ရှိ,မရှိ၊ ​ရေ-နည်း,​ရေများခန့်​မှန်​သိရှိနိုင်​ပုံ​လေးကို ဗဟုသုတအ​နေဖြင့်​ မျှ​ဝေ​ပေးပါမည်​။ ​ရေ-ရှိ/မရှိ ၁။ အရွက်​အမြဲတမ်း ရှိ​နေတတ်​​သော အုန်းနှဲပင်​၊မယ်​ဇလီပင်​၊ မြက်​ စသည့်​အပင်​များစိုစို​ပြေ​ပြေ လန်းလန်းဆန်းရှိ​နေပါကထို​နေရာတွင်​ ​ရေရှိသည်​ဟု မှတ်​ယူနိုင်​၍​ဖော်​ပြပါလက္ခဏာများနှင့်​ ဆန့်​ကျင်​​နေပါက​ရေ-မရှိဟု ခန့်​မှန်း သိနိုင်​ပါသည်​။ ​ရေချို/​ရေငန်​ ၂။ အနီးအနားတွင်​ရှိ​သော သစ်​ပင်​တို့သည်​အပင်​အမျိုးအစားခြင်းတူပါလျက်​အခြား​နေရာရှိ သစ်​ပင်​မှ အရွက်​တို့ထက်​အနာအဆာများ၍ အစိုဓာတ်​​ခြောက်​ခန်းလျင်​​ရေငန်​ဟု […]